Meizu MX6 ဟာကိုယ်ထည်တစ်ခုလုံးကိုအရည် အသွေးကောင်းမွန်တဲ့ သတ္တုဖြင့် အကွေးပုံစံဒီဇိုင်းနဲ့လှပသေ သပ်စွာပုံဖော်ပေးထားပါတယ်။
ထူးခြားမှု များမှာတော့CPU ပိုင်းတွင်Core (၁၀) လုံးကိုပေါင်းစပ်ဖွဲ့စည်း
ထားသော2.3GHz DecaCoreကိုအသုံးပြုပေးထားသ ဖြင့်လုပ်ဆောင်ချက်ပိုင်း တွင် ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ အချက်အလက်များလျင်မြန်စွာကူးပြောင်းရန် RAM 4GB ကိုအသုံးပြုပေးထားပါတယ်။Mei zuရဲ့ယခုစမတ်ဖုန်းအသစ်မှာ မျက်နှာပြင်ပိုင်းအတွက်၅.၅လက်မ ဖြစ်ပြီးdisplay ပိုင်းအတွက်တော့sharp TDDI ကိုသုံးထားပါတယ်။၅.၅လက်မရှိ တဲ့မျက်နှာပြင်ဟာFull HD ဖော်ပြ နိုင်စွမ်းနဲ့ဖြစ်ပြီးPPI ကလည်းအတော်ကောင်းလာပါတယ်။40 3ppi နဲ့ဖြစ်တာ ကြောင့် မြင်ကွင်းပိုင်းမှာပိုမိုရှ င်းလင်းပြတ်သားလာမှာဖြစ်ပါတ ယ်။Resolution (1920x1080) IPS Capacitive Touch Screen ကိုအသုံးပြုပေးထားပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏ ကတော့153.6x75.2x 7.3mm ဖြစ်ကာ၊ အလေးချိန်မှာ155gရှိပါတယ်။ ဆော့ဝဲတွေသုံးတဲ့အခါမှာကြွဲ ပားတဲ့ လုပ်ဆောင်ချက် တွေနဲ့အသုံးချနိုင်ပါလိမ့်မ ယ်။ပြီးတော့ဘေးဘောင် အနားသတ်လိုင်းတွေကလည်းကျစ်လျစ်သပ်ရပ်တဲ့ မျက်နှာပြင်မှာ ပိုမို ကျဉ်းမြောင်းလာပြီး0.25mm လောက်ကွာသွားပါလိမ့်မယ်။
ဆော့ဝဲပိုင်းနဲ့ပတ်သက်ရင်တော့Meizuဟာသူတို့ရဲ့ကိုယ်ပို င်UI ဖြစ်တဲ့flyme 5.6 ကိုသုံးနိုင်ပါလိမ့်မယ်။And roid OS အနေနဲ့ကြည့်လိုက်မယ်ဆိုရင်ေ တာ့6.0 (marshmallow) ဖြစ်ပါတယ်။အွန်လိုင်းWebsit e တွေရဲ့စမ်းသပ်ချက်တွေ အရတော့လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့app တွေစီမံခန့်ခွဲမှုတွေမှာ ပိုသွက်လက်လာတယ်လို့ဆိုတယ်။ လက်ဗွေဖတ်စနစ်ကလည်းခြုံငုံဖ တ်ရှုမှု အပိုင်းမှာစက္ကန့်ပိုင်းအတွင်း ဖွင့်လှစ်ပေးမယ်လို့ဆိုပါ တယ်။လက်ဗွေရာစနစ်ကိုသိမ်းဆည်းနိုင်တဲ့အပိုင်းမှာလည်းလက်တစ်ပြင် လုံးအစိတ်အပိုင်းကိုတိကျစွာ မှတ်သားသိမ်းဆည်းနိုင်ပါလိမ့်မယ်။Flyme account ကိုစတင်ဖွင့်သုံးတဲ့ သူတွေအတွက်ကတော့ဂရုတစိုက်ရှိဖို့လိုအပ်ပါလိမ့်မယ်။ဘြာေ ကာင့်လဲဆိုရင်Meizuအနေနဲ့မိုဘိုင်းဖုန်း သုံးတဲ့သူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလ က် တွေကိုလုံခြုံစေဖို့အသေးစိတ်ဂရုစိုက် ထားလို့ပါ။ဖုန်းတစ် ခုလုံးရဲ့သွက်လက် မြန်ဆန်တဲ့လုပ်ဆောင်ချက်တွေ ကိုအလိုက်သင့်ထိန်းချုပ်မော င်းနှင်နိုင်စေဖို့ အတွက်ကတော့ပရိုဆက်ဆာပိုင်းမှာဈေးသက်သာတယ်လို့သတ်မှတ်နိုင်တဲ့ Mediatekကိုသုံးထားပါတယ်။အချက်အလက်တွေကိုထပ်မံတိုးချဲ့ ထည့်သွင်း နိုင်စွမ်းအတွက်SD card ကိုတော့အထောက်အပံ့လုပ်မှာမဟုတ်ပါဘူး။ ကြီးမားတဲ့ပရိုဆက်ဆာတွေကိုမျှတတဲ့စွမ်းရည်ရစေဖို့အတွက် ဘက်ထရီ ကတော့3060mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ဘက်ထရီကိုအားသွင်းမြန်စေဖို့ နည်းလမ်းတွေကိုလည်းသုံးစွဲနိုင်မှာဖြစ်ပြီးဘက်ထရီဟာ၁၀မိနစ်အားသွင်းမယ်ဆိုရင်၂၆ရာခိုင်နှုန်း၊ ၇၅မိနစ်အားသွင်းမ ယ်ဆိုရင်စွမ်းအားအပြည့်၁၀၀ ရာခိုင်နှုန်းအထိရောက်ရှိသွားမှာဖြစ်ပါတယ်။
အနောက်ကင်မရာတွင်12MPကိုအသုံးပြုပေးထားပြီး10 LED (dual tone) Flash ကိုအသုံးပြုပေးထားတဲ့အတွက်ပုံရိပ်ဖမ်းယူမှုကိုအကောင်းဆုံး စွမ်းဆောင်ပေးနိုင်မှာဖြစ်သ ည့် အပြင်ပုံထွက်အရည်အသွေးမှာလည်း သဘာဝအတိုင်းနီးပါးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။Sony ရဲ့IMX386 sensor ဟာပုံရိပ်တွေရိုက်ကူးတဲ့အခါ မှာရှင်းလင်းပြတ်သားတဲ့ရုပ် ထွက်ရဖို့အတွက် ကူညီပေးပါလိမ့်မယ်။Autofocu s ရဲ့သွက်လက်တဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ပုံရိပ်ကို ချက်ချင်းဖတ်ရှုနိုင်စွမ်းဟာ ၀.၀၇စက္ကန့်သာကြာမြင့်မှာဖြစ်ပါတယ်။ 10-led ring flash ကလည်းအမှောင်ထဲမှာရိုက်ကူးတဲ့ပုံတွေကို ရှင်းလင်း ပြတ်သားမှုရှိစေအောင်ထောက်ပံ့ ပေးမယ့်အပြင်object နဲ့ဖုန်းကို၂မီတာ အဝေးလောက်ကနေရိုက်ရင်တောင်ပုံထွက်ကောင်းပါလိမ့်မယ်။အရှေ့ဘက်ကင်မရာမှာတော့5MP,f/ 2.0 စွမ်းရည်နဲ့ဖြစ်ပြီး1080p ဗီဒီယိုတွေကိုတောင် ရိုက်ကူးနိုင်ပါလိမ့်မယ်။Fl ash ရဲ့လုပ်ဆောင်နိုင်စွမ်းဟာပုံမှန် ထက်၁၀ဆပိုမို ကောင်းမွန်ပါလိမ့်မယ်။ပုံတွေရိုက်ကူးနေရင်းနဲ့အလင်းအမှောင်ချိန်ညှိနိုင်မယ့်အပြင် ဆုံချက်တစ်ခုချင်းစီအတွက်လည်းပိုမိုပုံရိပ်ဖမ်းယူနိုင် စေဖို့အတွက် လေဆာဆုံချက်လိုလုပ်ဆောင်ချက်တွေ ကိုသုံးနိုင်ဦးမှာဖြစ် ပါတယ်။ဖုန်းကို အားသွင်းတာနဲ့ဒေတာလွှဲပြောင်းတာ မြန်ဆန်စေဖို့အတွက်USB type-C အမျိုးအစားဖြစ်ပါတယ်။ဖုန်းအ သုံးပြုနေတဲ့အချိန်မှာအပူချိန်မလွန်ဖို့နဲ့ ဆားကစ်ရှော့မဖြစ်စေဖို့အတွက်ကို လည်းဂရုစိုက်ထားပါတယ်။ဘ က်ထရီရဲ့ အားပြန်လည်ဖြည့်သွင်းနိုင်စွမ်းအတွက်ကိုလည်းနောက်ဆုံးေ ပါ် ဖုန်းတွေမှာ သုံးတဲ့နည်းပညာမျိုးတွေသုံး ထားပါတယ်။ဈေးနှုန်းတန်ဖိုးမှာ၃၃၉,၀၀၀/- ကျပ် ၀န်းကျင်ရှိပါတယ်။
ဆော့ဝဲပိုင်းနဲ့ပတ်သက်ရင်တေ
အနောက်ကင်မရာတွင်12MPကိုအသံ
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment