♪ “Google က Android O ရဲ့ စွမ်းဆောင်ချက် အသစ်များကိုမိတ်ဆက်” ♫

Image may contain: text

Google က I/O Developer Conference မှာစွမ်းဆောင်ချက် အသစ်များ ကိုမိတ်ဆက်လိုက်ပါတယ်။ Android O မှာဖုန်းထုတ်လုပ်သူများကသူတို့ရဲ့ Device များအတွက် Android Update ကို လျင်မြန်စွာထည့်သွင်းပေး နိုင်မယ့် Project Treble ပါလာပါတယ်။ ဘက်ထရီသက်တမ်းဟာလည်း ပိုမိုတိုးတက်ကောင်းမွန်လာမှာပါ။

Smart Text Selection က လိပ်စာ၊ တည်နေရာ၊ ဖုန်းနံပါတ်များကို Copy/ Paste ပြုလုပ်တဲ့အခါမှာတိုးတက်လာပါတယ်။ O မှာလိပ်စာ တစ်ခု မှ စကားလုံးတစ်ခုကို နှစ်ချက် နှိပ်လိုက်တာနဲ့ လိပ်စာတစ်ခုလုံးကို Select လုပ်ပေးမှာပါ။ ဖုန်းနံပါတ်တစ်ခုကို နှစ်ချက်နှိပ်လိုက်ရင် ဖုန်းခေါ်မယ့် စွမ်းရည်လည်းပါလာပါတယ်။ Google Play Protect ကို Play Store မှာထည့်သွင်းပေးထားပြီးသင့်ရဲ့ Apps များသံသယဖြစ်စရာအပြုအမူ များကိုစစ်ဆေးပေးမှာပါ။

Autofill API က လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာအားဖြင့် Chrome မှာသင့် Facebook အကောင့်ရဲ့ Username , Password များကိုသိမ်းထားတယ်ဆိုပါစို့။ Facebook App ကိုအင်စတောလုပ်ပြီး Signinလုပ်ရင် Username, Password များကိုအလိုအလျောက် ဖြည့်ပေး မှာပါ။ Notification Channels က Notification Content များအတွက် ကဏ္ဍများကို Developers များကသတ်မှတ်နိုင်မှာ ဖြစ်ပြီး Users များက နှစ်သက်တဲ့ Channel ကိုသာ Subscribe လုပ်နိုင်မှာပါ။

Picture-in-Picture Mode ကတော့ အခြားအရာများကိုအသုံးပြုနေစဉ်မှာ YouTube Video ကို Floating Video Player ဖြင့် ကြည့်နိုင်မှာပါ။ Notification ၀င်လာရင် App Icon မှာအစက်ကလေးဖြင့် အသိပေးမယ့် Notification Dots လည်းပါလာပါတယ်။ O မှာ Boot Time ၂ ဆ လျင်မြန် လာခြင်း၊ App Performance တိုးတက်လာခြင်း အပါအ၀င် အဖက်ဖက်က တိုးတက်လာမှုများရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 www.pyaephyo.com

0 comments:

Post a Comment