စမတ်ဖုန်း တစ်လုံး ၀ယ်ရင်တော့ ဘက်ထရီ သက်တမ်းက ထည့်သွင်းစဉ်းစားရမယ့်
အချက် ဖြစ်ပါတယ်။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့်
တစ်ရက်လောက် အသုံးခံကြပါတယ်။ အဲဒီအတွက် တစ်နေ့ကို အနည်းဆုံး တစ်ခါလောက်တော့
အားသွင်းကြရပါတယ်။ အလုပ်ကိစ္စကြောင့် ခရီး မကြာခဏ ထွက်နေရသူများ၊ ဖုန်း
အသုံးပြုမှု များသူများ၊ ဂိမ်းကစားသူများအတွက်တော့ ဘက်ထရီ သက်တမ်း
အကောင်းဆုံး စမတ်ဖုန်းများကို ရွေးချယ်သင့်ပါတယ်။
၁။ Huawei Nova Plus
Huawei Nova Plus ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထဲမှာ အလွန်ကောင်းမွန်ပါတယ်။ Snapdragon 625 Chipset, Adreno 506 GPU, 3GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကတော့ ၅.၅ လက်မ Full HD ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေးကလည်း သင့်တင့်ကောင်းမွန်ပါတယ်။ သူ့ရဲ့ 3340mAh Battery က အလွန် အသုံးခံတာကို တွေ့ရပါတယ်။ အလွန် အမင်း အသုံးပြုရင်တောင် ၂ ရက် အထိ အသုံးခံပါတယ်။
၂။ Huawei Mate 9
Mate 9 ဟာ Benchmarking Rankings မှာ အကောင်းဆုံးထဲမှ တစ်လုံး ဖြစ်ပါတယ်။ ဘက်ထရီ အပိုင်းမှာလည်း Nova Plus တစ်လုံးကသာ သူ့ထက် သာလွန်ပါတယ်။ တစ်ခါအားသွင်းထားရင် ၂ ရက် အသုံးခံပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါတဲ့ 4000mAh Battery တပ်ဆင်ထားပါတယ်။ 4.5 V Charger က 5 A အထိ ပံ့ပိုးပေးပြီး မိနစ် ၁၀၀ အတွင်းမှာ အားအပြည့်ဖြည့်ပေးပါတယ်။
၃။ Sony Xperia X Compact
X Compact ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက်တောင် ဘက်ထရီ အသုံးခံပါတယ်။ ၄.၆ လက်မ HD Display , Snapdragon Processor , Adreno 501 GPU တပ်ဆင်ထားပြီး ဂိမ်းကစားခြင်းနဲ့ နေ့စဉ် ဖုန်း အသုံးပြုမှုအတွက် အလွန် ကောင်းပါတယ်။ 2700mAh Battery မှာ စွမ်းအင်ချွေတာတဲ့ နည်းပညာ ပါပြီး ၂ ရက် အသုံးခံပါတယ်။ အလွန် အကျွံ အသုံးပြုရင်တောင် ၁ ရက် အသုံးခံပါတယ်။
၎။ Sony Xperia XZ
Xperia XZ ရဲ့ ဘက်ထရီ သက်တမ်းဟာ Compact ထက် နာရီ အနည်းငယ်သာ လျော့နည်းပေမယ့် အလွန် အသုံးခံပါတယ်။ Snapdragon 820 Processor , 3GB RAM ထည့်သွင်းထားပါတယ်။ 2900mAh Battery တပ်ဆင်ထားပြီး တစ်ရက်ခွဲ အသုံးခံပါတယ်။ အလွန် အကျွံ သုံးရင် တစ်ရက် အသုံးခံပါတယ်။
၅။ Samsung Galaxy A5 (2017)
Galaxy A5 ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး S7 Design ဖြစ်ပါတယ်။ IP68 စံနှုန်း ရှိတဲ့အတွက် ရေနဲ့ ဖုန်မှုန့်များကို ကာကွယ်နိုင်ပါတယ်။ ၅.၂ လက်မ Super AMOLED 2.5D Display တပ်ဆင်ထားပြီး Full HD Resolution ဖြစ်ပါတယ်။ 3000mAh Battery နဲ့ စွမ်းအင် ချွေတာပေးတဲ့ Doze Mode ပါတဲ့ Android Marshmallow ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ အသုံးခံပါတယ်။
၆။ Lenovo Moto Z Play
Lenovo Moto Z Play ဟာ Headphone Jack ပါတဲ့ တစ်လုံးထဲသော Moto Z Series ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အားသာချက်မှာ 3510mAh Battery နဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Motorola Turbo Power ဖြစ်ပါတယ်။ Moto Z Play ဟာ Moto Mods အားလုံးနဲ့ တွဲဖက် အလုပ်လုပ်ပါတယ်။

Credit to ==> DigitalTimes.com.mm
0 comments:
Post a Comment