♪ 16MP selfie camera နဲ့ Portrait Mode ပါဝင်တဲ့ Oppo A77 ကိုမိတ်ဆက် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/hh.jpg?fit=800%2C450&ssl=1

Oppo A77 စမတ်ဖုန်းအသစ် တရားဝင်ထွက်ရှိလာပါပြီ။ Oppo အနေနဲ့ ဒီစမတ်ဖုန်းကို ထိုင်ဝမ် ပြည်တွင်းမှာ မေ (၁၉)ရက်နေ့ကစပြီး pre-order မှာယူနိုင်ပြီဖြစ်တယ်လို့ ၄င်းရဲ့ ကိုယ်ပိုင် ထိုင်ဝမ် website ပေါ်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

Specs တွေအနေနဲ့ကတော့ 1920x1080p resolution ရုပ်ထွက်ရှိတဲ့ (၅.၅)မျက်နှာပြင် , 3200mAh battery , octa-core 1.5GHz MediaTek MT6750T chipset နဲ့ RAM 4GB တို့ပါဝင်ပါတယ်။ SIM card (၂) ကဒ် ထည့်သွင်း အသုံးပြုနိုင်ပေမယ့် MicroSD card ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ SIM card (၁) ကဒ်ပဲ သုံးနိုင်မှာပါ။

ကင်မရာတွေအနေနဲ့ကတော့ အနောက်ဘက်မှာ f/2.2 , PDAF နဲ့ Dual LED flash တို့ပါဝင်တဲ့ 13MP ကိုသုံးထားပြီး အရှေ့ဘက်မှာတော့ f/2.0, Beauty 4.0 နဲ့ Portrait Mode ပါဝင်တဲ့ 16MP ကို အသုံးပြုထားပါတယ်။

သတ္ထုကိုယ်ထည်နဲ့ပြုလုပ်ထားပြီး Gold နဲ့ Rose Gold ဆိုတဲ့ အရောင်နှစ်မျိုးရနိုင်ပါတယ်။ ဈေးနှုန်းကတော့ (၃၆၅) ဒေါ်လာ ဝန်းကျင်ဖြစ်ပြီး ထိုင်ဝမ်ပြည်တွင်းမှာ မေ(၁၉)ရက်နေ့ကစလို့ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး မေ(၂၆) မှာ စတင်ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment