♪ " Vivo V5 " အကြောင်းအသေးစိတ်ဖော်ပြချက်များ - Price » 318,000 Ks ♫

Image may contain: one or more people and phone

Contact Phone » 09-253050066 ( Vivo Showroom )

**Specification**

» Network : 2G, 3G, 4G (Dual SIM)
» Weight :154 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 153.8 x 75.5 x 7.6 mm
» Memory : 32GB, 4GB RAM, microSD card up to 256GB
» Camera : 13MP, phase detection autofocus, LED flash, Geo-tagging, face detection, panorama, HDR Front : 20MP, 1/2.8" sensor size
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB 2.0
» OS : Android OS 6.0 (Marshmallow)
» Chipset : Mediatek MT6750, GPU : Mali-T860MP2 CPU : Octa-core 1.5GHz Cortex-A53
» Protection : Corning Gorilla Glass, Funtouch OS 2.6

Selfie ချစ်သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ Vivo V5 ကို 2016 နှစ်ကုန်ပိုင်းလောက်က စတင်ထုတ်လုပ်ရောင်းချပေးခဲ့ပြီး သာမန်ထက် သာလွန်ကောင်းမွန်တဲ့ ကင်မရာစွမ်းအားတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ကင်မရာစွမ်းအားတွေ ကောင်းမွန်သလို ဘက်ထရီစွမ်းအား၊ စက်စွမ်း ဆောင်ရည်ပိုင်းမှာလည်း အရည်အသွေးမြင့်မားပါတယ်။ ဒါ့အပြင် ဒီဇိုင်း ပုံစံကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိပြီး သတ္တုကိုယ်ထည်ဖြစ် တဲ့အတွက် အကြမ်းခံကာ တာရှည်လည်း အသုံးပြုနိုင်ပါတယ်။
ပါးလွှာတဲ့ကိုယ်ထည်ကို 2.5D curved display နဲ့ ပေါင်းစပ်ဖန်တီးပေးထားလို့ ကိုင်တွယ်သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ ဒီလို Hardware ပိုင်း မှာ ကောင်းမွန်ရုံသာမက software ပိုင်းအနေနဲ့လည်း အဆင့်မြင့် features တွေနဲ့ specs တွေကို ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ အရှေ့ဘက် မျက်နှာပြင်အောက်ခြေ home button မှာ fingerprint sensor ကို တပ်ဆင်ထားပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ပြုလုပ်ထားလို့ ဖုန်းအတွင်းထဲမှာ သိမ်းဆည်းထားတဲ့ Data လုံခြုံရေးပိုင်းကလည်း စိတ်ချရပြီး sensor ရဲ့ လုပ်ဆောင်ချက် လျင်မြန်မှုကြောင့် 0.2 seconds အတွင်း ဖုန်းကို unlock ပြုလုပ်နိုင်ပါတယ်။
ဖုန်းအရွယ်အစားက 153.8 x 75.5 x 7.6 mm ရှိပြီး အလေးချိန်က 154g လေးပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ထားပြီး Nano SIM card ၁ ခု ပါရှိတာကြောင့် Nano SIM card 2 ကတ်နဲ့ Micro SD card 1 ကတ်နဲ့ Micro SD card 1 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲ နိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်အကျယ်က 5 လက်မခွဲ ရှိပြီး IPS LCD Capacitive Touchscreen Display က 720 x 1280 pixels အရည် အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။
ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ထပ်မံဖုံးအုပ်ကာကွယ်ပေးထားလို့ မတော်တဆ ပြုတ် ကျမှုတွေကြောင့် ဖုန်းကို အလွယ်တကူ မထိခိုက်စေနိုင်ပါဘူး။ အထဲမှာ Android OS, v6.0 (Marshmallow) ကို အခြေခံထားတဲ့ Funtouch OS 2.6 UI ကို run ပေးထားလို့ သုံးစွဲရတာလည်း ကောင်းပါတယ်။ ဒါ့အပြင် ဖုန်းမှထွက် တဲ့ရောင်ခြည်တွေကြောင့် မျက်လုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် Eye Protection စနစ်က အပြာရောင်အလင်းတန်းတွေကို စစ်ထုတ်ပေးပြီး အမြင် အာရုံတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်စိညောင်းလည်း သက်သာပါတယ်။ ဒါကြောင့် E-Book ပဲဖတ်ဖတ်၊ ရုပ်ရှင်ပဲကြည့်ကြည့် အဆင်ပြေပါတယ်။
အနောက်ကင်မရာက 13MP ပါရှိပြီး အရှေ့ dual selfie ကင်မရာက 20MP တောင် ပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ အရည် အသွေးမြင့်မားတဲ့ ဗီဒီယိုတွေကို မှတ်တမ်းတင်နိုင်ပါတယ်။ အရည်အသွေး ကောင်းတဲ့ အရှေ့ကင်မရာကြောင့် Selfie ဓာတ်ပုံတွေကို ရိုက်တဲ့အခါမှာ သဘာဝကျတဲ့ အရောင်အသွေးတွေနဲ့ လှပနေမှာပါ။ ဒါ့အပြင် ၄င်းရဲ့ Selfie Softlight စနစ်က အလင်းရောင်ကို လိုအပ်သလိုထုတ်ပေးနိုင်လို့ အလင်းရောင် အားနည်းတဲ့နေရာတွေမှာလည်း အလှပဆုံး selfie ဓာတ်ပုံတွေကို ရရှိနိုင် ပါတယ်။
အသံစွမ်းရည်ပိုင်းအတွက်လည်း Vivo ရဲ့ AK4376 Hi-Fi Audio Chip က တခြားဘယ်မှာမှ မရနိုင်ဖူးတဲ့ အသံစွမ်းရည်မျိုးကို ပေးစွမ်းနိုင်ပြီး အသံဆူညံမှုတွေကိုလည်း 115dB အထိ လျှော့ချပေးနိုင်လို့ ကြည်လင် ပြတ်သားတဲ့ အသံတွေကို ရရှိနိုင်မှာပါ။ ၄င်းမှာပါရှိတဲ့ အလိုအလျောက် မျက်နှာပြင်ပိုင်းခြားနိုင်တဲ့ စနစ်ကလည်း အလွန်အသုံးဝင်ပါတယ်။ ဥပမာ ဗီဒီယိုကြည့်နေတဲ့ အချိန်မှာ SMS ဝင်လာခဲ့ရင် ဝင်လာတဲ့ SMS ကို နှိပ်လိုက်တာနဲ့ မျက်နှာပြင် 2 ခြမ်းကွဲသွားပြီး တစ်ဖက်က ဗီဒီယိုကြည့်နိုင်သလို တစ်ဖက်က SMS ပြန်ဖို့အတွက် စာရိုက်တာတွေ ပြုလုပ်နိုင်ပါတယ်။
ဒီလိုကောင်းမွန် အသုံးတည့်တဲ့ features တွေကြောင့် ဈေးကွက်ထဲမှာ လူကြိုက်များတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပြီး ၄င်းဖုန်းကို ရရှိ နိုင်တဲ့ အရောင်တွေကတော့ လှပခန့်ညားတဲ့ ရွှေရောင်နဲ့ မီးခိုးရောင် အရောင် 2 မျိုးပဲ ဖြစ်ပါတယ်။

Battery Life
>>>>>

Vivo V5 မှာ Non-removable Li-Ion 3000mAh battery က လုံလုံလောက်လောက် သုံးစွဲနိုင်တဲ့ ဘက်ထရီပမာဏပဲဖြစ်ပြီး ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို တစ်နေကုန် အေးအေးဆေးဆေး ကြည့်ရှုနိုင်ပါတယ်။

Design
>>>>>

Vivo V5 ရဲ့ တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာကျစ်လျစ်ပြီး အကြမ်း ခံနိုင်ပါတယ်။ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ပုံစံနဲ့ ခေတ်မီဆန်းသစ်မှု ရှိအောင် ဖန်တီးတည်ဆောက်ထားပြီး အကောင်းစား hardware ပစ္စည်း တွေကို အသုံးပြုထားတာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးမှန်း သိသာစေနိုင်ပါတယ်။

Processor
>>>>>

Vivo V5 မှာ RAM 4GB ပါရှိတဲ့ Mediatek MT6750 Octa-core 1.5GHz Cortex-A53 processor နဲ့ Mali-T860MP2 graphics card က စက်စွမ်းဆောင်ရည် တွေကို အကောင်းဆုံး ထောက်ပံ့ထားလို့ ဘယ်လောက်လေးတဲ့ apps တွေနဲ့ ဂိမ်းတွေကိုမဆို အဆင်ပြေပြေကစားနိုင်ပါတယ်။ ဒါ့ပြင် ရုပ်ထွက်လည်း ကောင်းမွန်ပါတယ်။

Display and Camera
>>>>>

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်း စွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ အရှေ့ ကင်မရာနဲ့ အနောက်ကင်မရာတွေမှာ အလွန်အသုံးဝင်တဲ့ features တွေ ပါရှိလို့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို စိတ်တိုင်းကျ ရိုက်ယူနိုင်ပါတယ်။

Verdict
>>>>>

Vivo V5 ကို တည်ဆောက်ထားတဲ့ hardware ပစ္စည်းတွေရော ထည့် သွင်းထားတဲ့ software တွေပါ အထူးကောင်းမွန်တာကြောင့် ပေးရတဲ့ ဈေးနဲ့ ထိုက်တန်တဲ့ရလဒ်မျိုးကို ပေးစွမ်းနိုင်တဲ့ အဆင့်မြင့်စမတ်ဖုန်း တစ်လုံးအဖြစ် သတ်မှတ်နိုင်ပြီး Selfie ချစ်သူအတွက်တော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အဆင့်မြင့်ဖုန်းလေးတစ်လုံးပေါ့။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment