♪ “Huawei Mate 10 ဟာနောက်ထုတ်မယ့် iPhone ထက် စွမ်းရည် မြင့်မားမည်” ♫

Image may contain: phone and text

ယခုနှစ်ကုန်ပိုင်းမှာ Huawei က Mate 10 နဲ့ Apple က iPhone အသစ်များကိုမိတ်ဆက်ဖို့ ရှိနေပါတယ်။ အခုတော့ Huawei ရဲ့ စီအီးအို ဖြစ်သူ Richard Yu က စွမ်းဆောင်ရည်မြင့် Mate 10 ရဲ့ သတင်း အချက်အလက် အချို့ကိုပြောကြားလိုက်ပါတယ်။

သူက Mate 10 ဟာနောက်ထုတ်မယ့် iPhone ထက် စွမ်းရည် ပိုမိုမြင့်မားမယ်လို့ Bloomberg ကိုပြောပါတယ်။ Huawei Mate 10 ဟာ Samsung Galaxy S8 လိုဘေးဘောင်မဲ့ မျက်နှာပြင် အပြည့် ဒီဇိုင်း ဖြစ်ပါတယ်။အားသွင်းရာမှာ လျင်မြန်ပြီးကင်မရာအရည်အသွေးကလည်း အလွန်ကောင်းမွန်မယ်လို့ သူကပြောပါတယ်။အဲဒီဖုန်းရဲ့ ဘက်ထရီ သက်တမ်းဟာလည်းအလွန် ကောင်းမွန်မယ်လို့ ပြောပါတယ်။

Richard Yu ရဲ့ ပြောကြားချက်ဟာအကဲပိုတယ်လို့ ပြောနိုင်ပေမယ့် စွမ်းဆောင်ရည်မြင့် Android Smartphone များဟာ Specifications အပိုင်းမှာ Apple iPhones များထက် သာလွန်တဲ့ အစဉ်အလာရှိပါတယ်။ Apple iPhones များမှာစွမ်းရည်မြင့် Android Device များမှာထက် နည်းပါးတဲ့ Chipset Cores များနဲ့ နည်းပါးတဲ့ RAM များကိုထည့်သွင်း ထားကြပါတယ်။ Apple က iPhone အသစ်များကိုစက်တင်ဘာလနဲ့ Huawei က Mate 10 ကိုစက်တင်ဘာလအစောပိုင်းမှာကျင်းပမယ့် IFA 2017 မှာ Mate 10 ကိုမိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment