Acer
သည် liquid loop passive cooling နည်းပညာကို ယခင်ကတည်းက ပြသထားပြီး
ယမန်နှစ်က ထုတ်လုပ်ခဲ့သော Switch Alpha 12 တွင် ပါဝင်ခဲ့သည်။ ယခုအခါ Acer
Switch G နှင့် Aspire U27 တို့ကို အဆိုပါ နည်းပညာဖြင့်
အသစ်ထပ်မံထုတ်လုပ်ခဲ့သည်။
Switch 5 မှာ Surface ကို ယှဉ်ပြိုင်နိုင်မည့် ပုံစံမျိုးဖြစ်ပြီး Acer ၏ ပထမဆုံး 2 in 1 ဖြစ်လာခဲ့ကာ နောက်ဆုံးမျိုးဆက် Core i7 နှင့် i5 processor များ ပါဝင်ခဲ့ပြီး Acer ၏ မူပိုင်ခွင့်ရယူထားသော auto-retracting kickstand ပါဝင်ကာ full HD+ display နှင့် RAM 8GB ပါဝင်ခဲ့သည်။
စွမ်းအင်နည်းပါးသော Switch 3 ကိုလဲ ထုတ်လုပ်ပေးခဲ့ပြီး Full HD Screen နှင့် Intel Pentium (သို့) Celeron processor များကို သုံးစွဲထားသည်။ Switch 5 တွင် Acer Active Pen ကိုသုံးကာ ပုံဆွဲချင်း၊ မှတ်စုရေးမှတ်ခြင်း တို့ကို ပြုနိုင်မည်ဖြစ်သည်။
27” Aspire U 27 မှာမူ all-in-one ပုံစံဖြစ်ပြီး အထူးပါးလွှာသော ကိုယ်ထည်ရှိကာ အထူးဒီဇိုင်းထုတ်ထားသည့် subwoofer ပါဝင်ပြီး ရုပ်ရှင်နှင့် သီချင်းများအတွက် ကောင်းမွန်သော Dolby certified subwoofer ဖြစ်သည်။ Aspire U 27 ကိုယ်တိုင်လဲ 2017IF Design Award ကို ရထားပြီး Full HD resolution ကိုမူ အားမရသူများရှိနေနိုင်သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal

https://www.facebook.com/
0 comments:
Post a Comment