Wednesday, May 17, 2017
Pyae Phyo (MMiTD)

Samsung အမှတ်တံဆိပ် Smartphone များကို Shop.com.mm မှာ ၀ယ်ယူလျှင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိကြောင်း
သိရှိရသည်။ ထို့အပြင် Samsung မှ မကြာသေးမီက မိတ်ဆက်ပေးခဲ့သော Samsung
Galaxy S8 နှင့် S8+ smartphones များကိုလည်း shop.com.mm တွင်
ဝယ်ယူ ရရှိနိုင်မည်ဖြစ်ပြီး ဈေးဝယ်သူများ Online ပေါ်တွင် အော်ဒါတင်လိုက်သည်နှင့် မည်သည့် ပို့ဆောင်ခမျှ ပေးစရာမလိုဘဲ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးမည်ဖြစ်သည်။
Shop.com.mm မှ Managing Director ဖြစ်သူ Mr.SumitJasoria က "
ကျွန်တော်တို့ရဲ့ website မှာ Samsung ဖုန်းတွေ အရမ်းရောင်းကောင်းတာကို
ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဈေးဝယ်သူတွေ Samsung
ဖုန်းဝယ်ချင်တဲ့အခါ ပို့ဆောင်ခကို ထည့်စဉ်းစားစရာမလိုဘဲ ၀ယ်ယူနိုင်စေတဲ့
အထူးအစီအစဉ်ရဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်တယ်။ Shop.com.mm ကနေ ၀ယ်ယူတဲ့
Samsung ဖုန်းတွေအားလုံးမှာ တရားဝင်အာမခံချက် ပါဝင်ပါတယ်။ Samsung Myanmar
ရဲ့ တရားဝင်အွန်လိုင်းစတိုးဖြစ်ရတဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူမိတယ် " ဟု ပြောကြားခဲ့သည်။
Shop.com.mm သည် ကမ္ဘာကျော်အမှတ်တံဆိပ်များနှင့်
ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတစ်ဝန်း ရှိ ဈေးဝယ်သူများဆီ
ရောက်ရှိနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ Mobile Week, Black Friday နှင့်
သင်္ကြန်အထူးဈေးရောင်းပွဲတော်များတွင်
Shop.com.mm ၏ အမြဲတမ်းဈေးဝယ်သူများရော၊ Online shopping ကို
ပထမဆုံးအကြိမ် စမ်းသပ်ဝယ်ယူသည့် ဈေးဝယ်သူများပါ အကောင်းဆုံးပစ္စည်းများကို
အများဆုံးလျှော့ဈေးများဖြင့်
ဝယ်ယူနိုင်ခဲ့ကြသည်။ Shop.com.mm တွင် ၀ယ်ယူလိုသော ဈေးဝယ်သူများ အနေဖြင့်
အသေးစိတ်သိရှိလိုတာတွေကို ဖုန်း-01-8604371, 09-970140004 (သို့မဟုတ်)
09-970160006 သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရှိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
www.pyaephyo.com
0 comments:
Post a Comment