Thursday, May 18, 2017
Pyae Phyo (MMiTD)

Sony
၏၂၀၁၇ အသစ်ထွက် စမတ်ဖုန်းများဖြစ်သော Xperia XA1 , Xperia XZ Premium,
Xperia XZs ,Xperia XA1 Ultra နှင့် Xperia L1 များတွင်
မြန်မာဘာသာစကားစနစ်အတွက် ဇော်ဂျီဖောင့် ပါဝင်လာ တော့မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါစမတ်ဖုန်းဝယ်ယူ သူများအနေဖြင့် MPT ၏မိုဘိုင်း
ဒေတာလက်ဆောင်များပါ ရရှိဦးမည် ဖြစ်ကြောင်း သိရှိရသည်။ မေလ ၁၁ ရက်နေ့တွင်
ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်အတွက် စတင်မိတ်ဆက်လိုက်သော အဆိုပါစမတ်
ဖုန်းများအား ဇွန်လနှောင်းပိုင်းမှ စတင်၍ ၀ယ် ယူနိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။
Xperia XZs နှင့် Xperia XZ Premium တွင် 960fps
အထူးအနှေးရိုက်ချက် ဗီဒီယိုအား လုပ်ဆောင်နိုင်သည့် အသစ်စက်စက် Motion Eye
ကင်မရာ၊ Predictive Capture (ကြိုတင်ရိုက်ကူးခြင်း)၊ မိုဘိုင်းရုပ်ပုံ
ထုတ်လုပ် ဆောင်ရွက်သည့် လုပ်ဆောင်ချက်အတွက် ပြန်လည်ဒီဇိုင်းပြုလုပ်
ဖန်တီးထားသော မှန်ဘီလူးများနှင့် Bionz အသစ်တို့၏ ထပ်ဆောင်း
အရည်အသွေးဆိုင်ရာ အကျိုးရလဒ်များအားလုံးကို အသုံးပြုနိုင်မည်ဖြစ် သည်။
ပြည်တွင်းစမတ်ဖုန်းသုံးစွဲသူတွေ
ကြိုက်နှစ်သက်စေမယ့် Xperia XZs မှာတော့ မျက်နှာပြင် ၅.၂ လက်မကို 1080p
ရုပ်ထွက်နှင့် ထောက်ပံ့ လာမှာဖြစ်ပြီး Motion Eye ကင်မရာပါဝင်ပါတယ်။
မျက်နှာပြင် ကာကွယ် နိုင်စွမ်းကတော့ gorilla glass နဲ့ဖြစ်ပြီး Snapdragon
820 နှင့် ပါဝါ ထောက်ပံ့ လာပါမယ်။ Quad-Core ပရိုဆက်ဆာရဲ့အစွမ်းဟာ သွက်လက်
မြန်ဆန်တဲ့လုပ်ဆောင်နိုင်မှုကို ပေးစွမ်းပါလိမ့်မယ်။ ကျောဘက် ကင်မရာ က 19MP ဆင်ဆာသုံးထားပြီး အလင်းဝင်ပေါက် f/2.0
ပါဝင်ပါတယ်။ Predictive, Laser Autofocus ပါဝင်ပါတယ်။ RGBC-lR ဆင်ဆာပါဝင်
ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် ပြုလုပ်နိုင်ပါမယ်။ SteadyShot
5-axis Digital Stabilization ပါဝင်ပါတယ်။ Sony ဟာ Panorama Mode
ကိုပိုကောင်း အောင်လုပ်ဆောင်ထားပါတယ်။ Motion Eye ကတော့
စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ပါတယ်။ Selfie ကင်မရာ က 13MP ဖြစ်ပြီး 22mm Wide-Angle lens ပါဝင်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့
2900 mAh ကိုသုံးထားပြီး အားသွင်းမြန်ဆန်ဖို့အတွက် Quick charge 3.0
ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေ ဖတ်စနစ်ကိုတော့ ဖြန့်ချိရာ ဒေသ
ပေါ်မှာ မူတည်ပြီး ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဆိုနီဖုန်းတွေ ရဲ့အစဉ် အလာအတိုင်း ရေစိုဒဏ် ခံနိုင်အောင်လည်း ထည့်သွင်းပေးထား ပါသေးတယ်။
Xperia XA1 ၏အဓိကကင်မရာသည် မိုဘိုင်းအာရုံခံကိရိယာ၊ တောက်ပ သည့် F2.0
မှန်ဘီလူးများ နှင့် အလင်းရောင်မှိန်မှိန်၌ပင် အကောင်းဆုံး
ရိုက်ကူးနိုင်ရန် ကြီးမားသော 1/2.3”
Exmor™RS နှင့် ရုပ်ထွက် ကောင်းမွန်သော 23 MP ပမာဏရှိသည့်
ကင်မရာလည်းဖြစ်ပါသည်။ ခလုတ်နှိပ်လိုက်သည့် အချိန်မှ ၀.၆ စက္ကန့် အတွင်း
ဖမ်းယူရိုက်ကူးနိုင်သည့် မယုံကြည်နိုင်လောက်အောင် လျင်မြန်မှုနှင့် တိကျသည့်
Hybrid Autofocus တို့အား အာမခံချက်ပေးထားသောကြောင့် ရုတ်ချည်းအခိုက်
အတန့်လေး များကိုပင် ဆုံချက်၌ ဖမ်းယူရိုက်ကူး နိုင်စွမ်းလည်း ရရှိမည်ဖြစ်
သည်။
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
www.pyaephyo.com
0 comments:
Post a Comment