♪ YouTube မှာ စာတန်းထိုး ဗီဒီယိုပေါင်း ၁ ဘီလီယမ် ရှိပြီ ♫


YouTube က ၂၀၀၆ ခုနှစ်မှာ ဗီဒီယိုများမှာ စာတန်းထိုးနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ ၃ နှစ်အကြာမှာတော့ အလိုအလျှောက် စာတန်းထိုးတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ YouTube မှာ စာတန်းထိုး ဗီဒီယိုပေါင်း ၁ ဘီလီယမ်ရှိပြီလို့ ကြေညာလိုက်ပါတယ်။

YouTube Video များမှာ စာတန်းထိုးကို ကြည့်ချင်ရင် Video Player ရဲ့ ဘယ်ဘက်အောက်မှ အိုင်ကွန်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာအ၀န်းမှာ အကြားအာရုံ မကောင်းသူ သန်း ၃၀၀ ရှိတဲ့အတွက် စာတန်းများ ထိုးပေးခြင်းဟာ အဲဒီလူများအတွက် အဆင်ပြေစေသလို YouTube အသုံးပြုသူ ပမာဏကိုလည်း တိုးမြင့်စေပါတယ်။ ကမ္ဘာအ၀န်းမှာ YouTube အသုံးပြုသူပေါင်း ၁ ဘီလီယမ်ကျော် ရှိပါတယ်။ အဲဒီစွမ်းဆောင်ချက်ဟာ လူများအကြားရောက်နေပြီး နားကြပ်မပါတဲ့ အခြေအနေများအတွက်လည်း အသုံးဝင်ပါတယ်။

YouTube Video များမှာ စာတန်းထိုးကို ဖွင့်ကြည့်မှု အရေအတွက်ဟာ တစ်နေ့လျှင် ၁၅ သန်းကျော်ရှိပါတယ်။ YouTube ရဲ့ စာတန်းထိုးနည်းပညာဟာ အစောပိုင်းမှာ မှားယွင်းမှုများရှိခဲ့ပေမယ့်လည်း တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ အသံကို မှတ်မိတဲ့ ဆော့ဝဲနဲ့ Machine Learning ဆော့ဝဲများကို တိုးတက်အောင် ပြုလုပ်ခဲ့တဲ့အတွက် မှားယွင်းမှုများ နည်းပါးသွားတယ်လို့ YouTube က ပြောပါတယ်။

YouTube က နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ပေါ်တူဂီ၊ ရုရှားနဲ့ စပိန် ဘာသာစကားများအတွက် စာတန်းထိုး နည်းပညာကိုလည်း ပိုမိုတိုးတက်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်မှာ ဗီဒီယိုတိုင်းအတွက် စာတန်းထိုးများ ပံ့ပိုးပေးနိုင်ဖို့ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။



Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment