♪ Asus ရဲ့ ၂ သိန်းတန် ဘတ်ဂျက်ဖုန်း Zenfone 3 Go ထွက်မည် ♫


ပရိသတ်အများ မျှော်လင့်စောင့်စားနေခဲ့ကြသလို ဈေးနှုန်းလည်း သင့်တင့်မယ်၊ ကင်မရာလည်းကောင်း မယ်။ တခြားလုပ်ဆောင်ချက်တွေလည်း ပါရှိစေချင်တဲ့ ဘတ်ဂျက်ဖုန်း တစ်ခုကတော့ ASUS ရဲ့ Zenfone ပဲ ဖြစ်ပါတယ်။

အမည်နာမ အပြည့်အစုံကတော့ ASUS Zenfone 3 Go ပဲ ဖြစ်ပါတယ်။ အမှတ်တကယ်တမ်းပြောရရင် Zenfone 3 ကို MWC 2016 နဲ့ မရှေးမနှောင်းမှာ ထုတ်လုပ်ဖို့ လျာထားခဲ့ပေမယ့် အကြောင်းအမျိးမျိုးကြောင့် နောက်ကျနေခဲ့ရတယ် လို့ သတင်းတွေက ဆိုပါတယ်။ Zenfone 3 ဟာ ၅ လက်မ မျက်နှာပြင်၊ Qualcomm Snapdragon 410 ၊ RAM 2 GB နဲ့ ထုတ်လုပ်သွားဖွယ်ရာ ရှိနေပါတယ်။
ကင်မရာပိုင်းအနေနဲ့ 13 Megapixel/ 5 megapixel တွေကို ပေးအပ်သွားပါလိမ့်မယ်။
 
ခန့်မှန်းခြေ ဈေးနှုန်း က ဒေါ်လာ ၁၆၀ ၀န်းကျင် ခန့်နဲ့ သာ ရောင်းချသွားမယ် လို့ ဆိုနေပြီး မြန်မာနိုင်ငံ အတွက်က ဈေးကွက်ထဲမှာ ကနဦး ရှိနှင့်နေပြီးတဲ့ Samsung Galaxy J5 (2016) Huawei P8 Lite (2017) တို့ နဲ့ ဈေးကွက်ချင်း အပြိုင်လုရမယ် လို့ ယူဆရပါတယ်။ ASUS ကုမ္ပဏီကတော့ Zenfone 3 Go ရဲ့ budget price နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖွင့်ဟ ပြောကြားထားခြင်း မရှိသေးပါဘူး။

Credit to ==> DigitalTimes.com.mm




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment