♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 1 person, standing, beard, text and outdoor

မေး - အစ်ကိုရေ ကျွန်တော့် iPhone ကို ကျွန်တော့်ညီလေးယူကိုင်ပြီး လျှောက်နှိပ်လိုက်တာ အခု ကျွန်တော့် Phone Screen Color က အရင်ပုံမှန်မဟုတ်ဘဲ Black And White လိုမျိုး အရောင်ဖြစ်နေတယ်အစ်ကို။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ ဒါဆို အစ်ကို့ Phone ရဲ့ Setting ထဲမှာရှိတဲ့ Invert Color ဆိုတာကို သွားဖွင့်မိထားလို့ ဖြစ်လိမ့်မယ်။ အစ်ကို့ iPhone ရဲ့ Setting ထဲကို ၀င်လိုက်ပါ။ ပြီးရင် General ထဲက Display Accommo-dations ထဲမှာရှိတဲ့ Invert Color ကို ပိတ်လိုက်ပါ။ ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်

မေး - အစ်ကို ကျွန်တော့် iPhone လေး ကျွန်တော်အခု စသုံးခါစမို့လို့ ကျွန်တော်လျှောက်ကလိမိလိုက်တာ အခု Phone က ဘာနှိပ်နှိပ် အင်္ဂလိပ်လိုတွေပြောပြီး သွားချင်တဲ့နေရာကို သွားလို့မရဘူးဖြစ်နေတယ်။ ဘယ်လိုပြန်လုပ်လို့ရနိုင်လဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲဒါက အစ်ကို့ Phone မှာ Voice Over ဆိုတာကို ဖွင့်မိသွားလို့ဖြစ်သွားတာပါ။ Voice Over ဖွင့်ထားမိရင် ပုံမှန်အတိုင်း Screen က သုံးလို့မရတော့ပါဘူး။ ဘာပဲလုပ်လုပ် အင်္ဂလိပ်ဘာသာနဲ့ ပြောနေပါလိမ့်မယ်။ အစ်ကို့လက်နှစ်ချောင်း ဒါမှမဟုတ် သုံးချောင်း အသုံးပြုပြီး Phone ရဲ့ Setting ထဲကို သွားပါ။ Setting ထဲက General ထဲကိုဝင်ပြီး Accessibility ထဲက Voice Over ကိုပိတ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610 ပါ။ GSM နှစ်ကတ်ထိုးပါ။ Sim 1 က သုံးရပြီး Sim 2 က တက်လိုက်၊ ကျလိုက် ဖြစ်နေတယ်။ တစ်ခါတစ်ရံမှ သုံးလို့ရတယ်။ အဲ့ဒါဘယ်လိုဖြစ်တာလဲ။ ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sim 1 က အလုပ်လုပ်ပြီး Sim 2 က အလုပ်မလုပ်ဘူးဆိုတော့ ဖုန်းဆားကစ်ပြားပေါ်မှာပါတဲ့ Network ပိုင်းက အလုပ်မလုပ်နိုင်ဘူးလို့ ယူဆလို့ရပါတယ်။ ဖုန်းကို Factory Reset ချကြည့်ပါ။ မရရင် နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ဖုန်းပါ။ ကျွန်တော်က ဖုန်းနဲ့ ဂိမ်းတော့ဆော့တယ်ဗျ။ အစပိုင်းတုန်းက ဘက်ထရီက အားခံပါသေးတယ်။ ခု အားသွင်းလည်း မ၀င်တော့ဘူး။ ဘက်ထရီက ကောင်းပါသေးတယ်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ဘက်ထရီက အစ်ကိုဂိမ်းဆော့တာများပြီး ဘက်ထရီရဲ့ Ampera Cell တွေ သေသွားတာပါ။ အရင်ဆုံး အစ်ကို့ဖုန်းကို ဘက်ထရီအသစ်လဲသုံးကြည့်ပါ။ မရရင်တော့ နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါဗျာ။

မေး - အစ်ကို ကျွန်တော့် iPhone မှာ Personal Hotspot ရှာလို့မတွေ့ဘူး။ အခြား iPhone တွေမှာတော့ ရှိနေပြီး ကျွန်တော့် Phone မှာ ရှာမတွေ့ဘူးဖြစ်နေတယ်အစ်ကို။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အခု iPhone Version အမြင့်တွေမှာ Personal Hotspot ကို ဖျောက်ထားတတ်ကြတယ်။ အစ်ကို့ Phone ထဲက Setting ထဲကို ၀င်လိုက်ပါ။ Cellular ထဲကို ထပ်ဝင်လိုက်ပါ။ Cellular Data Options ထဲက Cellular Data Network ထဲကိုဝင်ပြီး Personal Hotspot ရဲ့ APN နေရာမှာ Internet လို့ ရိုက်ထည့်ပြီး ပြန်ထွက်လိုက်ပါ။ Cellular ရဲ့ အောက်မှာ Personal Hotspot ပေါ်လာပါလိမ့်မယ်။

မေး - ကျွန်တော့် iPhone 5 က Network Searching ပဲပြနေပါတယ်။ လိုင်းလဲမမိပါဘူး။ ဘယ်လိုဖြေရှင်းရမလဲ။
ဖြေ - iPhone 5 တွေ Network မှာ Searching ပဲပေါ်နေတဲ့အခါ မိမိရဲ့ iPhone ကို ကွန်ပျူတာမှာ iTunes နဲ့ ချိတ်လိုက်ပါ။ Reboot ကျပြီး ပြန်တက်လာရင် လိုင်းပြန်တက်နေတာ တွေ့ရပါမယ်။ တကယ်လို့ အထက်ကနည်းနဲ့ မရခဲ့ရင် Setting > General > Reset > Reset Network Settings ကိုဝင်ပြီး Reset ချပါ။ အထက်ပါနည်း ၂ နည်းနဲ့ အဆင်မပြေခဲ့ရင် တတိယနည်းက Firmware အသစ်တစ်ခု Restore လုပ်ပါ။ အပေါ်က နည်း ၃ ခုလုံး အဆင်မပြေဘူးဆိုရင်တော့ Hardware Error ဖြစ်တဲ့အတွက် Service ဆိုင်တွေမှာပဲ အပ်လိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Sony ပါ။ နားကြပ်နဲ့တပ်ပြီး သီချင်းနားထောင်လို့ မရလို့ပါ။
ဖြေ - နားကြပ်တပ်ပြီး သီချင်းနားထောင်တာ ကြာပြီလားဗျ။ နားကြပ်ပေါက်ကို သေချာကြည့်ပါ။ ကြေးငုတ်လေးတွေ ပျက်နေပြီလား။ နားကြပ်က ချောင်နေပြီလားပေါ့။ နားကြပ်ပေါက်ထဲက ကြေးအထိုင်ငုတ်လေးတွေ ပျက်နေတယ်ဆိုရင်တော့ နားကြပ်ပေါက်လဲရပါမယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment