♪ " Xiaomi Mi Note " Price » 232,000 Ks ♫

Image may contain: phone and screen

Xiaomi ကုမ္ပဏီက နောက်ဆုံးပေါ်အဆင့်မြင့် specs တွေနဲ့ features တွေ ထည့်သွင်းထားတဲ့ စမတ်ဖုန်းတွေကို မထင်မှတ်လောက်တဲ့ ဈေးနှုန်းတွေနဲ့ လူတိုင်း သူ့အဆင့်နဲ့သူ သုံးစွဲနိုင်အောင် ထုတ်လုပ်ရောင်းချပေးနေတယ် ဆိုတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ ဒါကြောင့် အခုမိတ်ဆက်ပေးမယ့် စမတ်ဖုန်းလေးဟာလည်း သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ အလွန်တန်ပါတယ်။ အဲဒီစမတ်ဖုန်းလေးက Xiaomi Mi Note ဆိုတဲ့ အဆင့်မြင့် စမတ်ဖုန်းလေးပဲ ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်း ထုတ်လုပ်ပေးထားတာ ဆိုပေမယ့် သူ့ specs တွေနဲ့ features တွေက အခုချိန်ထိ တန်းဝင်အဆင့်မှာ ရှိနေပါသေးတယ်။

ပါးလွှာကျစ်လျစ်တဲ့ Alloy Body ထဲမှာ စွမ်းအားပြည့်ဝတဲ့ Hardware ပစ္စည်းတွေကို ထည့်သွင်းပေးထားပြီး ခိုင်မာတောင့်တင်းတဲ့ သတ္တုဘောင် ကွပ်ထားတာကို တွေ့ရပါတယ်။ မျက်နှာပြင်အရှေ့ဘက်မှာ 2.5D curved Corning Gorilla Glass 3 နဲ့ နောက်ကျောဘက်မှာ 3D curved Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားတဲ့အတွက် ရုပ်လုံးကြွတဲ့မြင်ကွင်းတွေကို ရရှိနိုင်ပြီး မတော်တဆပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ဖုန်း အရွယ်အစားက 155.1 x 77.6 x 7 mm ရှိပြီး 161g အလေးချိန်လေးပါတယ်။ ဒါကြောင့် iPhone 6 Plus ထက်တောင် ပိုပါးပြီး ပိုပေါ့ပါတယ်။


GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Micro SIM card ၁ ကတ်နဲ့ Nano SIM card ၁ ကတ်စီကို တစ်ပြိုင်နက်တည်း ထည့်သွင်း သုံးစွဲနိုင်တဲ့ Dual SIM စနစ်ပါရှိပါတယ်။ မျက်နှာပြင်အကျယ် 5.7-inch ရှိပြီး IPS LCD Capacitive touchscreen display ကို သုံးပေးထားလို့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁ လက်မမှာ ~386 ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါသေးတယ်။ အထဲမှာ Android OS, v4.4.4 (KitKat) ကို အခြေခံထားပြီး အားလုံးရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ user interface ကို သုံးစွဲထားပါတယ်။ 


အနောက်ကင်မရာမှာ 13MP နဲ့ အရှေ့ကင်မရာမှာ 4MP resolution တွေ ကို ထောက်ပံ့ထားပြီး f/2.0 aperture ကို တပ်ဆင်ပေးထားပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ကောင်းကောင်း ရိုက်နိုင်ပါတယ်။ ဒါတင်မကသေးပဲ အနောက်ကင်မရာမှာ Optical Image Stabilization စနစ် ပါရှိတဲ့အတွက် လှုပ်ရှားနေတဲ့အရာတွေကို ဝေဝါးမှုမရှိဘဲ ရိုက်ကူးပေးနိုင်ပါတယ်။ ဖုန်းထဲမှာ သီချင်းတွေ၊ ဓာတ်ပုံတွေစတဲ့ Data တွေကို သိမ်းဆည်းဖို့အတွက် Internal Memory 64GB ပါရှိပြီး micro SD card တော့ ထပ်စိုက်သုံးလို့မရပါဘူး။


ဖုန်းတစ်လုံးရဲ့အရည်အသွေးကို ကောင်းမွန်စွာပြသနိုင်တဲ့ Processor အတွက် RAM 3GB ပါရှိတဲ့ Quad-core 2.5GHz Krait 400 Processor နဲ့ Qualcomm MSM8974AC Snapdragon 801 Chipset တို့ကို ထည့်သွင်းထားပြီး Adreno 330 GPU ကလည်း သူ့စွမ်းအား အတိုင်းအတာရှိသလောက် အစွမ်းကုန် ပံ့ပိုး ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းစွမ်းဆောင်ရည်တွေကလည်း လျင်မြန်တိကျပြီး error တွေ မဖြစ်အောင်လည်း အထိရောက်ဆုံး လုပ်ဆောင်ပေးထားပါတယ်။ အသံ audio စနစ် အနေနဲ့ HiFi Audio System ကို သုံးစွဲထားလို့ ကြည်လင်ပြတ်သားစွမ်းအား ကောင်းမွန်တဲ့အသံတွေကိုလည်း ရရှိနိုင်တဲ့ အတွက် သီချင်းနားထောင်ရတာ အလွန်အဆင်ပြေပါတယ်။


ဒါ့အပြင် 24-bit/192KHz lossless playback ကိုလည်း ထောက်ပံ့ပေးထားပါ သေးတယ်။ အင်တာနက်သုံးစွဲရတာ လျင်မြန်မှုရှိပြီး ဖုန်းခေါ်ဆိုတဲ့နေရာမှာ လိုင်းဆွဲအားလည်း အထူးကောင်းမွန်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံလေးနဲ့ ပါးလွှာကျစ်လျစ်တဲ့ကိုယ်ထည်ကြောင့် သုံးစွဲရတာ အလွန်ကောင်းပါတယ်။ ဒီဇိုင်းပုံစံနဲ့လိုက်ဖက်တဲ့ အဖြူရောင်နဲ့ အမည်းရောင် ၂ မျိုးတည်းကို ထုတ်လုပ်ပေးထားပြီး အရောင် ၂ မျိုးလုံးက ပြောင်လက်တောက်ပပါတယ်။ သစ်လွင်ခန့်ငြားတဲ့ အသွင်အပြင်ကိုဆောင်နေတဲ့ ဒီဖုန်းလေးက ဈေးနှုန်းနဲ့မထိုက်တန်လောက်အောင် သုံးစွဲရ အလွန်အဆင်ပြေနေမှာပါ။

* Battery Life *

Mi Note ရဲ့ ဘက်ထရီ စွမ်းအားပိုင်းကို Non-removable Li-Ion 3000mAh battery က ပံ့ပိုးပေးထားလို့ Standby mode ထားသုံးမယ်ဆိုရင် ၂၊ ၃ ရက်ခန့် သုံးနိုင်ပါတယ်။ ဒါ့အပြင် fast battery charging စနစ်ကလည်း မိနစ် ၃ဝ အတွင်းမှာ ဘက်ထရီ ၆ဝ ရာခိုင်နှုန်းခန့် အားပြန်သွင်းနိုင်ပါတယ်။

* Design *

Xiaomi Mi Note ရဲ့ ဖုန်းဒီဇိုင်းပုံစံက ပါးလွှာကျစ်လျစ်ပြီး အလေးချိန်နဲ့ အရွယ်အစားက ကိုင်တွယ်သုံးစွဲလို့ တော်တော်ကောင်းပါတယ်။ သတ္တုဘောင်ကြောင့် ခိုင်ခံ့မှုရှိပြီး အရှေ့ဘက်ရော နောက်ကျောဘက်ကိုပါ Corning Gorilla Glass တွေနဲ့ ဖုံးအုပ်ကာကွယ်ပေးထားတာကြောင့် အကြမ်းလည်းခံပါတယ်။

* Processor *

Mi Note မှာ RAM 3GB ပါရှိတဲ့ Snapdragon 801 Quad-core 2.5GHz Krait 400 processor နဲ့ Adreno 330 GPU တို့ ဖုန်းစွမ်းဆောင်ရည်တွေကို ဟန် ချက်ညီညီ အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းတွေ၊ apps တွေကို အဆင်ပြေပြေသုံးစွဲနိုင်ပြီး လုပ်ဆောင်ချက်တွေကလည်း လျင်မြန်မှု ရှိပါတယ်။

* Display and Camera *

5.7-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို 2.5D IPS capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့
4MP ရှိတဲ့ အရှေ့ကင်မရာက ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။

* Verdict *

Xiaomi Mi Note မှာ ထောက်ပံ့ပေးထားတဲ့ specs တွေနဲ့ features တွေက သုံးစွဲလို့အလွန်ကောင်းပြီး ထုတ်လုပ်ထားတာ ၂ နှစ်လောက်ရှိပေမယ့် အခုချိန်ထိ အလယ်အလတ်တန်းစား ဖုန်းတွေထဲမှာတော့ တန်းဝင်နေနိုင်ပါသေးတယ်။



Contact Phone » 09-774788861
( C4e Computer & Mobile )

* Specification *

» Network : GSM/HSPA/LTE (Dual-SIM)
» Display : 5.7", IPS LCD capacitive touchscreen
» Dimensions : 155.1 x 77.6 x 7 mm
» Memory : 64GB, 3GB RAM
» Camera : 13MP, Front : 4MP, optical image stabilization, autofocus, dual-LED (dual tone) flash, geo-tagging, touch focus, face/smile detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.1, microUSB v2.0
» OS : Android OS, v4.4.4 (KitKat)
» Chipset : Qualcomm MSM8974AC Snapdragon 801 GPU : Adreno 330
CPU : Quad-core 2.5GHz Krait 400
» Protection : Corning Gorilla Glass 3
» Features : Fast Battery Charging 60% in 30min

 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment