♪ “Windows 10 မှာ Picture-in-Picture Mode ပါလာမည်” ♫

Image may contain: text

Microsoft က နောက်ဖြန့်ချိမယ့် Windows 10 Creators Update မှာ စွမ်းဆောင်ချက် အသစ်များစွာ ပါလာမှာဖြစ်ပါတယ်။ Microsoft က Windows Insider Program ကနေမကြာခင်က ဖြန့်ချိပေးခဲ့တဲ့ Preview Build 15031 မှာ Picture-in-Picture Mode ကိုထည့်သွင်းပေးခဲ့ပါတယ်။ Microsoft ကတော့ အဲဒီစွမ်းဆောင်ချက်ကို Compact Overlay Window လို့ခေါ်ပြီးသူက App တစ်ခုကိုအခြား ၀င်းဒိုးများရဲ့ အပေါ်ကနေအသုံးပြုနိုင်တာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် Facebook Messenger ရဲ့ Chat Head လို ဖြစ်ပါတယ်။ အဲဒီလိုမျိုးစွမ်းဆောင်ချက်ကို Android နဲ့ iOSမှာအသုံးပြုနိုင်နေတာကြာပါပြီ။ မကြာခင်က ဖြန့်ချိခဲ့တဲ့ macOS Sierra မှာလည်းအဲဒီလိုစွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ Microsoft က ပြိုင်ဖက်များရဲ့ စွမ်းဆောင်ချက် ထက် ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ပေးထားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ် လို့ ကျွမ်းကျင်သူများကသုံးသပ်ပါတယ်။

Microsoft က အဲဒီ စွမ်းဆောင်ချက်ကို Universal Windows App များအတွက်သာရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ Universal Windows App များကိုဖန်တီးသူများ ကအဲဒီစွမ်းဆောင်ချက်ကိုသူတို့ရဲ့ App များမှာထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Microsoft ရဲ့ Compact Overlay Window ဟာ Video Chat ပြုလုပ်နေစဉ် မှာ ၀က်ဆိုက်များကို ကြည့်ရှုနိုင်ခြင်း၊ ရုပ်ရှင်ကြည့်နေရင်းကနေအီးမေးများ စစ်ခြင်းတို့လိုအလုပ်များကို ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။

Compact Overlay Window စွမ်းဆောင်ချက်ကို Microsoft က ယခုနှစ်နှောင်းပိုင်းမှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ Microsoft က Insider Preview Build 15031 မှာ Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းနဲ့ ပီစီ ဝေးကွာသွားရင် ပီစီကိုအလိုအလျောက် Lock လုပ်တဲ့ Dynamic Lock စွမ်းဆောင်ချက်ကိုလည်းထည့် သွင်းပေးလိုက်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment