♪ " Laptop များကိုပါ အားသွင်းနိုင်သည့် Razer Power Bank ကို မိတ်ဆက် " ♫

No automatic alt text available.

Razer မှ ၄င်း၏ Razer Power Bank ကို မိတ်ဆက်ပေးခဲ့ပြီး USB-C laptop များအတွက် အားပြန်ဖြည့်သွင်းပေးနိုင်ရန် ရည်ရွယ်ထားသည်။ ဥပမာ Razer Blade Steath အား ၄င်း၏ Power Bank နှင့် တွဲဖက်ထားပါက အားမသွင်းဘဲ 15 နာရီထိဆက်တိုက်သုံးစွဲနိုင်မည်ဖြစ်သည်။

Razer ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ Min-Liong Tan က Razer Bank သည် laptop ၊ စမတ်ဖုန်းနှင့် tablet များကို တစ်ပြိုင်တည်း အလွယ်တကူအားဖြည့်သွင်းပေးနိုင်ကြောင်း ဆိုခဲ့သည်။ Razer Power Bank တွင် အားသွင်းရန် port များစွာပါဝင်ခဲ့ပြီး USB A port နှစ်ခုနှင့် USB–C port တို့ ပါဝင်ကာ မိုဘိုင်းပစ္စည်းသုံးမျိုးအား တစ်ပြိုင်တည်းအားသွင်းပေးနိုင်သည်။ အားသွင်းရန် လိုအပ်နေသည့် ပစ္စည်းအားသိရှိပြီး နှစ်နာရီမပြည့်သော ကာလအတွင်း Blade Steath ကို ၆ နာရီဆက်သုံးနိုင်ရန် အားအမြန်သွင်းပေးနိုင်သည်ဟု သိရသည်။ 

Qualcomm Quick Charge 3.0 နှင့်လည်း လိုက်ဖက်ညီစွာ သုံးနိုင်ပြီး ပုံမှန်ထက် 4 ဆ ပိုမြန်စွာ အားသွင်းပေးနိုင်သည်ဟုဆိုသည်။ အဆိုပါ power bank မှာ 12800 mAh ဘက်ထရီပါဝင်ပြီး 126 x 78x 23 mm အရွယ်ရှိကာ 335 g လေးသည်။ မတ်လထဲတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒေါ်လာ 149.99 ကျသင့်မည်ဟု ဆိုသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment