Viber
က သူ့ရဲ့ Chat App ကနေ ဈေးဝယ်နိုင်တဲ့ ၀န်ဆောင်မှုကို ပြုလုပ်ပေး တော့မှာ
ဖြစ်ပါတယ်။ Viber က Chat နေတဲ့ အကြောင်းအရာအပေါ် မူတည်၍ သင့်တော်တဲ့
ကုန်ပစ္စည်းများကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီ ၀န်ဆောင်မှုကို
ပံ့ပိုးပေးဖို့အတွက် ကုမ္ပဏီကဥာဏ်ရည်တုနည်းပညာကို အသုံးပြုထားပါတယ်။ Viberကိုလက်ရှိမှာဂျပန် အခြေစိုက် အင်တာနက် စီးပွားရေးလုပ်ငန်းစု Rakuten က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဈေးဝယ်နိုင်တဲ့ ၀န်ဆောင်မှုကို အမေရိကန်မှာမတ်လ ၆ ရက်နေ့မှာစတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရင်ဆုံးအီလက်ထရောနစ် ပစ္စည်းများ၊ နေအိမ်သုံးထုတ်ကုန်များ၊ အ၀တ်အစားများများကို စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ပစ္စည်းစာရင်းကို Rakuten.com မှာ ပြသ ထားသလို Brands ပေါင်း ၃၀ ကျော်ရဲ့ ကုန်ပစ္စည်းများ ပါဝင်မှာ ဖြစ်ပါတယ်။
အစောပိုင်းမှာViber App ထဲကနေတိုက်ရိုက် ဈေးဝယ်လို့ မရဘဲထုတ်ကုန်ကို နှိပ်၍ ရောင်းချသူရဲ့ website သို့မဟုတ် Mobile App ကနေ ၀ယ်ယူရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Viber App ကနေတိုက်ရိုက် ဈေးဝယ်လို့ ရအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal

https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment