♪ " One Plus 3 နှင့် 3T အတွက် Hydrogen OS 3.0 ကို စတင်ထုတ်လုပ် " ♫

Image may contain: text

တရုတ်ဖုန်းထုတ်လုပ်သူ OnePlus သည် ၄င်း၏ Hydrogen Android OS 3.0 ကို ထုတ်လုပ်ပေး ခဲ့ပြီဖြစ်သည်။ အဆိုပါ version အသစ်သည် Android 7.0 Nougat အား အခြေခံထားပြီး ပိုမိုကောင်းမွန်သော ဘက်ထရီ သက်တမ်းရှိကာ ယခင် Nougat Oxygen OS update ထက် သာလွန်ကြောင်း သိရသည်။

Hydrogen OS သည် OnePlus မှ ဖန်တီးထားသော Android ROM ဖြစ်ကာ ဒေသ တွင်းဈေးကွက်များ အတွက် အဓိကရည်ရွယ်ထားခြင်းဖြစ်သည်။ ဒေသတွင်းနှစ်သက်မှုများနှင့် လိုက်ဖက်စေ ရန် UI ပြောင်းလဲ မှုအချို့ကို ပြုလုပ်ထားပြီး Google PlayServices နှင့် Google Apps package များမပါဘဲ အဓိကအချက်မှာ တရုတ်တွင် သုံးမရနိုင်ခြင်းကြောင့်ဖြစ်သည်။ One Plus 3 နှင့် 3T သုံးစွဲသူများအနေဖြင့် H20S version နှစ်ခုကို ပေါင်းစပ်ရန် One Plus မှ ပြောကြားခဲ့ဖူးသော်လည်း ယခုအချိန်ထိ တိုးတက်မှုကို မတွေ့ရသေးပေ။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ unit များတွင်လည်း Flash ပြုလုပ်ထည့်သွင်းနိုင်မည်ဟု သိရှိရသည်။

တရားဝင် One Plus Forum တွင် download link ကိုပေးထားပြီး UI အတွက် အင်္ဂလိပ်စာကိုလည်း ရွေးချယ်နိုင်မည်ဟု သိရသည်။ Google Services များအတွက် Gapps package ကို 1.2 GB ROM နှင့် အတူတူ flash လုပ်ယူရမည်ဖြစ်သည်။ Hydrogen OS app store တွင် OnePlus မှ Google Play ကို ပေးထားကြောင်းလည်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment