ကိုရီးယားနည်းပညာကုမ္ပဏီ
LG က ပြီးခဲ့တဲ့နှစ်ကထုတ်လုပ်ခဲ့တဲ့ LG X power စမတ်ဖုန်းရဲ့ မျိုးဆက်သစ် X
power2 စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီစမတ်ဖုန်းကို
octa-core 1.5GHz chipset နဲ့ပါဝါပေးထားပြီး internal memory 16 GB နဲ့
RAM option (၂)မျိုး 1.5GB/2GB တို့နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
(၅.၅)လက်မ HD Display ၊ Android 7.0 Nougat နဲ့ fast charging စနစ် ထောက်ပံ့ထားတဲ့ 4,500mAh battery တို့ကိုအသုံးပြုထားပါတယ်။
ကင်မရာတွေအဖြစ်
13MP အနောက်ကင်မရာနဲ့ 5MP selife ကင်မရာ ကိုသုံးထားပြီး ဒေတာတွေ
ကူးပြောင်း မျှဝေဖို့အတွက် Bluetooth 4.2 နဲ့ USB 2.0 ကိုအသုံးပြုထားပါတယ်။
LG X
power2 ကို Black Titan, Shiny titan, Shiny Gold နဲ့ Shiny Blue ဆိုပြီး
အရောင် (၄)မျိုး ထုတ်လုပ်ထားကာ လာမယ့် MWC မှာ ပြသနိုင်ချေရှိပါတယ်။
Credit to ==> DigitalTimes.com.mm
www.pyaephyo.com
0 comments:
Post a Comment