♪ " LG G6 တွင် Full Vision display ပါဝင်လာမည်ဟုဆို " ♫

No automatic alt text available.

LG ၏ မကြာမီ မြင်တွေ့ရမည့် G6 စမတ်ဖုန်းတွင် Full Vision display ကို 18:9 ဖြင့် သုံးနိုင်မည့် UX ပါဝင်လာမည်ဟု ကုမ္ပဏီမှ ဆိုထားခဲ့သည်။ LG ၏ အဆိုအရ UX အသစ်သည် search နှင့် multimedia ကို ကြည့်ရှုရာတွင် ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး 18:9 display ကို သုံးသည် camera UX နှင့် multitasking feature များကိုလည်း ထပ်မံထည့်သွင်းခဲ့သည် ဟုဆိုသည်။

သုံးစွဲသူများကို ရုပ်ရှင်၊ app ၊ game များကို 18:9 ratio နှင့် ကောင်းကောင်းကြည့်ရှုနိုင်မည်ဖြစ်သလို 16:9 ratio သို့လည်း ပြောင်းလဲ ပေးနိုင်ကြောင်း သိရသည်။ Viewing angle ကျယ်ပြန့်သဖြင့် အချက်အလက် များကို screen ပေါ်တွင် ပို၍ဖော်ပြပေးနိုင်သည်ဟု ဆိုသည်။ Camera UX အသစ်သည် ဓာတ်ပုံရိုက်ခြင်း ကြည့်ရှုခြင်းကို တစ်ပြိုင်တည်း ပြုလုပ်နိုင်ပြီး Square Camera feature အသစ်သည် screen ကိုနှစ်ပိုင်းခွဲကာ တစ်ဖက်တွင် ဓာတ်ပုံရိုက်ကူးနိုင်ပြီး တစ်ဖက်မှ social meida သို့ upload တင်နိုင်မည်ဖြစ်သည်။

Music player, address boot, call menu နှင့် calendar တို့သည် 1:1 Square GUI ကို သုံးစွဲနိုင်ကြမည်ဖြစ်သည်။ ‘Food mode’ ပါဝင်ပြီး အစားအသောက်များ၏ အရောင်ကို ပိုမိုစိုပြေစေသည်ဟု သိရသည်။ G6 တွင် အသံအရည်အသွေးမြှင့်တင်ရန် Quad DAC အသစ်ပါ ၀င်မည်ဟု ဆိုသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment