♪ စမတ်ဖုန်းတစ်လုံး ကိုဘယ်လိုအချက်အလက်တွေနဲ့ ရွေးချယ်ဝယ်ယူပါသလဲ၊ “Best Cheap Android Phones” ♫

Image may contain: phone

စမတ်ဖုန်းတစ်လုံး ကိုဘယ်လိုအချက်အလက်တွေနဲ့ ရွေးချယ်ဝယ်ယူပါသလဲ၊ ကင်မရာကောင်းတာလား၊ ရေစိုခံ တာလား၊ မျက်နှာပြင်ကျယ်ကျယ်လား၊ ပရိုဆက်ဆာအမြင့်စားတွေသုံးချင်တာလားဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ အချက်အလက်တွေကိုစဉ်းစားမိပါလိမ့်မယ်။ နောက်ထပ်တစ်ခုကတော့ ရွေးချယ်ဝယ်ယူလိုက်တဲ့ စမတ်ဖုန်းရဲ့ ဈေးနှုန်းပါ။ လွန်ခဲ့တဲ့၂နှစ်ကဆိုရင် တော့ Dual-Core စမတ်ဖုန်းတစ်လုံးရဲ့ဈေးနှုန်း ကတောင် ကြီးမြင့်လွန်းလှပါ တယ်။ ဒီနေ့လိုအချိန်မှာတော့ ဈေးနှုန်းလည်းသက်သာ၊ လုပ်ဆောင်ချက် လည်း ကောင်းတဲ့စမတ်ဖုန်းတွေကို ဝယ်ယူရရှိနိုင်နေပါပြီ။ တရုတ်နိုင်ငံ ထုတ်စမတ်ဖုန်းအများစုသာဈေးကွက်ကို ဦးဆောင်ထားနိုင်တဲ့အချိန်မှာ ပရိုဆက်ဆာပိုင်းနဲ့ပတ်သက်လို့ Octa-Core ထည့်သွင်းပေးထားတဲ့ဖုန်းတွေကို တစ်သိန်းခွဲဝန်းကျင် လောက်နဲ့ ဝယ်ယူရရှိနိုင်နေပါပြီ။ လက်ရှိပြည်တွင်း ဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ Huawei, OPPO, Vivo ဖုန်းတွေထဲမှာ၁သိန်း၆သောင်းဝန်းကျင်နဲ့ အမှန် တကယ်သုံးလို့ကောင်းတဲ့ဖုန်းတွေရှိ နေပါတယ်။ မျက်နှာပြင်လည်းကျယ်ပြီး ပရိုဆက်ဆာပိုင်းမှာလည်းသွက်လက်မြန်ဆန်သလို၊ ကင်မရာပိုင်းမှာ ဆိုရင် လည်း အပျော်တမ်းဓာတ်ပုံရိုက်ကူးဖို့လောက်အထိ အဆင်ပြေနိုင်မှာပါ။ ဒါကြောင့်ဒီတစ်ပတ်အတွက် တော့ ပြည်တွင်းဈေးကွက်ထဲက ဈေးသက်သာ တဲ့စမတ်ဖုန်းတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ် . . . . . .

<KENBO Hero 2>

Price-99,800 Ks

အဆင့်မြင့် Fingerprint လုံခြုံရေးစနစ်ပါဝင်တဲ့ ဖုန်းတွေထဲမှာ ဈေးနှုန်း သင့်တင့်ပြီး ဒီဇိုင်းပိုင်းကောင်းမွန်လှပတဲ့ အပြင် ဘက်ထရီအားကြာရှည်ခံတဲ့ ဖုန်းတစ်လုံးကတော့ KENBO ကထုတ်လုပ်ထားတဲ့ Hero 2 ပဲဖြစ်ပါတယ်။ မျက်နှာပြင် အကျယ် 5" အရွယ်အစားသာရှိတဲ့အတွက် ဖုန်းကိုင်ဆောင်တဲ့ အခါမှာ သက်သောင့်သက်သာ ပိုမိုရှိစေပြီး ဗီဒီယိုကြည့်တဲ့အခါပဲဖြစ်ဖြစ်၊ ဓာတ်ပုံကြည့်တဲ့အခါပဲဆိုဆို၊ ဂိမ်းကစားတဲ့ အခါမှာပဲဖြစ်ဖြစ် 1280 × 720 Pixels HD ရုပ်ထွက်အထိ ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ မြန်နှုန်းမြင့် လုပ်နိုင်စွမ်းရှိသော ARM Cortex-A7 အမျိုးအစား CPU ကို Quad Core 1.3 GHz တပ်ဆင်ပေးထားပြီး RAM ပမာဏကတော့ 2GB ရှိပါတယ်။ ဒါကြောင့် ဖုန်းသုံးတဲ့အခါမှာ မြန်ဆန်သွက်လက်နေမှာဖြစ်ပြီး ထစ်ငေါ့ခြင်းမရှိသုံးလို့ အရမ်းကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Mali 400MP2 အမျိုးအစား GPU ကို ထောက်ပံ့ပေး ထားတာကြောင့် Game ကစားတဲ့အခါမှာ ပိုမိုသွက်လက် စေမှာဖြစ်ပါတယ်။ 16 GB ROM ကိုသုံးပေးထားတာကြောင့်ဓာတ်ပုံ၊ ဗီဒီယို၊ အချက်အလက် (Data)များကို ဖုန်းအတွင်းပိုမိုများပြားစွာထည့်သွင်းသုံးနိုင်မှာ ဖြစ်ပါတယ်။ OTG Device ကိုထောက်ပံ့ပေးထား ပြီး OTG Cable ကို အသုံးပြုကာ ဖုန်းတစ်လုံးမှတစ်လုံးသို့ ဖုန်းအားဖြည့်သွင်းပေးနိုင်ပါတယ်။ OTG Cable ကင်မရာပါဝင်ပြီး လှပတဲ့ဓာတ်ပုံများကိုရိုက်ကူးနိုင်ပါတယ်။ 2G/3G မိုဘိုင်းကွန်ရက်တွေမှာသာမကဘဲ 4G LTE မိုဘိုင်းကွန်ရက်တွေမှာပါ ဖုန်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ စက်လည်ပတ်မှုစနစ် Android 5.1 (Lollipop) ကို သုံးပေးထားပြီး ကျောဘက်ကိုယ်ထည်ကိုတော့ metallic နည်းပညာနဲ့ ဖန်တီးပေးထားတဲ့အတွက် တော်ရုံဖုန်း ထိခိုက်မှာ မစိုးရိမ် ရတော့ပါဘူး။

<Xiaomi Redmi 3X>

Price-135,000 Ks

Xiaomi ဟာ ဖုန်းများစွာကို ထုတ်လုပ်ပေးထားသောနာမည်ကြီး အမှတ် တံဆိပ်တစ်ခုဖြစ်ကာ ဈေးနှုန်းတန်ဖိုး အစားစားလည်းရှိပါတယ်။ သုံးစွဲသူ ပရိသတ်များစွာလည်း ရရှိထားပါတယ်။ ယခုဖုန်းကို ၂ဝ၁၆ခုနှစ် ဇူလိုင်လက ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး ဖုန်းရဲ့အရွယ်အစားပမာဏမှာ 139.3×69.6 ×8.5 mm ဖြစ်ကာ အလေးချိန် သည် 144 g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပြီး ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားမှာ Micro နှင့် Nano SIM တို့ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် အတွက် အသုံးပြုပေးထားသော မှန်အမျိုးအစားမှာ IPS LCD Capacitive Touch Screen ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အဝန်း ကတော့ 5 inches ရှိပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 270×1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 294ppi ပါ။ Multitouch စနစ်တွင် Xiaomi ရဲ့ MIUI 7.3 ကို သုံးစွဲနိုင်ပါမယ်။ ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး အဓိက ကင်မရာဟာ 13 MP, f/2.0 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.2 စွမ်းရည်ရှိပါတယ်။ HDR. Panorama နှင့် အခြားကင်မရာ ဆက်စပ် ပတ်သက်စနစ်များလည်း အသုံးပြုနိုင်ပါမယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယို ရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ Active Noise Cancellation With Dedicated Mic စနစ်လည်း ပါရှိပါမယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage ကတော့ 32GB ပါရှိပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစား ကတော့ Qualcomm Snapdragon 430 ဖြစ်ပါတယ်။ အားသွင်း အသုံးပြုရ မယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 4100mAh ဖြစ်ပါတယ်။

<Singtech Infinity L1 Plus>

Price-135,000 Ks

Singtech ရဲ့ ဖုန်းကောင်းများထဲတွင် တစ်လုံးအပါအဝင်ဖြစ်သည့် Infinity L1 Plus သည် အရွယ်အစား ကြီးမားကျယ်ပြန့်သည့် ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ ကာလာဒီဇိုင်းသည်လည်း စွဲမက်လှပသောအသွင်အပြင် ရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဟာ 5.5 inches အကျယ်အဝန်းရှိတာ ကြောင့် ပုံရိပ်များကို ကြည့်ရှုခံစားတဲ့အခါတွင် အားပါးတရမြင်တွေ့ရပါတယ်။ မြင်ကွင်းစွမ်းရည် ကြည်လင်စေဖို့အတွက်လည်း 720×1280 Pixels ပမာဏဖြင့် ထောက်ပံ့ ပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ဘေးဘောင်များတွင် နေရာအလွတ် သိပ်မရှိဘဲအပေါ်နှင့် အောက် ဘက်တွင်သာ နေရာလွတ်အနည်းငယ်ရှိပါမယ်။ ဖုန်းကိုယ်ထည်၏ ဘေးဖက်တစ်ချက်မှာတော့ ပါဝါခလုတ်နှင့် အသံအတိုး အချဲ့ခလုတ်တို့က နေရာယူထားပါတယ်။ ဆင်းကတ်ထည့်သွင်းနိုင်မှု အပိုင်းတွင် သုံးစွဲသူများ အကြိုက်တွေ့စေရန်လည်း ဆောင်ရွက်ပေးထား ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ထည့်သွင်း ရမယ့် ဆင်းကတ်အမျိုးအစားကတော့ Micro Sim ပါ။ ဖုန်းရဲ့ Home Button နှင့် အခြား Button နှစ်ခုသည် Touch Screen ပေါ်တွင်သာနေရာယူ ထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G/3G/4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 150 × 77.2× 8.8mm ဖြစ်ပါတယ်။ ကင်မရာရိုက်ကူးသည့်အခါတွင်လည်း ပုံရိပ်ကောင်း များကို ပေးစွမ်းနိုင်မယ့်ဖုန်း ဖြစ်ပါတယ်။ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။ ROM နှင့် RAM ပမာဏများ များပြားစွာပါရှိမှသာ ဖုန်းအသုံးပြုရတဲ့အခါတွင် အဆင်ပြေ စေပါလိမ့်မယ်။ ယခုဖုန်းတွင်တော့ RAM ပမာဏဟာ 1GB ပါရှိပြီး Internal Storage အတွက်ကိုတော့ 16GB ထောက်ပံ့ပေးထားပါတယ်။

<Samsung Galaxy J2 Prime>

Price-169,000 Ks

Samsung မှမိတ်ဆက်ထားသော Prime Series များဟာ ဓာတ်ပုံရိုက်ကူးဖို့ အတွက်များစွာအဆင်ပြေသလို ဈေးနှုန်းတန်ဖိုး အမျိုးမျိုးရှိခြင်းကြောင့် လည်းဝယ်ယူဖို့အဆင်ပြေစေပါတယ်။ J2 Prime ဟာ အလယ်အလတ် အဆင့် ဈေးနှုန်းရှိပြီးကိုင်ဆောင်သုံးစွဲရအဆင်ပြေစေပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 144.8 × 72.1× 8.9mm ဖြစ်ကာ အလေးချိန် ကတော့ 160g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါ တယ်။ Capacitive Touch Screen ရဲ့ အကျယ် အဝန်းပမာဏကတော့ 5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 540 × 960 ဖြစ်ကာ တစ်လက်မ မှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 220ppi ရှိပါတယ်။ အဓိက ကင်မရာဟာ 8MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည် ဖြစ်ပါတယ်။ အရှေ့၊ အနောက်ကင်မရာများနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါတွင် ကြည်လင်ကောင်း မွန်သော ပုံရိပ်များရရှိနိုင်စေဖို့အတွက် LED Flash စနစ်ကို ဖုန်းရဲ့အရှေ့ရောအနောက်မှာပါ ထည့်သွင်းပေး ထားပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 720p ဖြစ်ကာ နှုန်းမှာတစ်စက္ကန့်ကို 30 Frames ပါ။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 1.5GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 8GB ပါရှိ အောင်ဆောင်ရွက်ပေးထား ပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း Cardslot စနစ်ကိုထည့်သွင်းပေးထားပါတယ်။ အများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 256GB အထိ ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Marshmallow ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Quad Core 1.4 GHz ဖြစ်ကာ GPU ကတော့ Mali-T 720MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2600mAh ဖြစ်ပါတယ်။

<Huawei Y6II>

Price-169,000 Ks

Y6II တွင်ပါဝင်သည့် ကြီးမားသော ၅.၅လက်မမျက်နှာပြင်တွင်၊ အရောင် တောက်ပစွာဖော်ပြပေးနိုင်သည့် 720p HD resolution ပါဝင်ပြီး၊ ဖုန်း ကိုယ်ထည်မှာလက်ထဲတွင် ဆုပ်ကိုင်ထားချိန်၌ကြီးမားမနေဘဲ ကျစ်လျစ်သိပ် သည်းမှုရှိသည့်အပြင်နောက်ဖုံးကာဗာမှာစွဲမက်ဖွယ်ရာကောင်းလှသောလှိုင်းတွန့်သဏ္ဌာန်မျက်နှာပြင်နှင့် ဖုံးအုပ် ပေးထားသောကြောင့် လက်နှင့်အထိ အတွေ့မှာလည်း သက်သောင့်သက်သာရှိကာ မိမိရရဆုပ်ကိုင်နိုင်မည်ဖြစ် ပါသည်။ Huawei ကိုယ်ပိုင်ထုတ် Chipset တစ်ခုဖြစ်သည့် Kirin 620 processor မှာ အမြန်နှုန်း Octa-core 1.2GHz ရှိသည့်အပြင် 64bit CPU အမျိုးအစားဖြစ်သောကြောင့် လုပ်ငန်းတာဝန်များကို လျင်မြန်စွာဆောင် ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ CPU နှင့်တွဲဖက်လုပ်ဆောင်ရန်နှင့် လုပ်ဆောင်ချက်များကိုတစ်ပြိုင်နက်တည်း အသုံးပြုနိုင်ရန်အတွက် RAM ပမာဏ 2GB ရှိပြီး သတင်းအချက်အလက်များနှင့် ဒေတာများကို သိမ်းဆည်း ရန် 32GB ROM တို့ကိုတွဲဖက်အသုံးပြုထားပါသည်။ Huawei Y6II တွင် 3000mAh ပမာဏရှိသော ဘက်ထရီကို ထည့်သွင်းပေးထားသည့်အပြင် စွမ်းအင်ချွေတာရေးနည်းပညာများကိုလည်း အသုံးပြုထားသောကြောင့် ဖုန်းကို အားအပြည့်သွင်းထားလျှင် တစ်ရက်ကျော်အသုံးခံပါသည်။ Huawei Y6II တွင် လက်ရှိအော်ပရေတာများထုတ် လွှင့်ထားသော 4G ကွန်ရက်များကို ထောက်ပံ့ပေးနိုင်သည့်အပြင် SIM ကတ် ၂ ကတ်ကိုလည်း တစ်ပြိုင်နက် တည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ တစ်ကတ်တွင် 3G/4G အသုံးပြုနေ လျှင် အခြားတစ် ကတ်တွင် 2G သို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။ Huawei Y6II တွင် ဆင်းကတ်နှစ်ကတ်နဲ့ SD ကတ်ထည့်သွင်းနိုင်သည့်နေရာ ၃ နေရာ ပါဝင်သဖြင့် ဆင်းကတ်နှစ်ကတ်အသုံးပြုနေချိန်တွင် SD ကတ်ပါ ထပ်မံစိုက်၍ အသုံးပြုနိုင်မည်ဖြစ်ပါ သည်။ Huawei Y6II ကို အရောင် ၅ ရောင်ထုတ်လုပ် ပေးထားပါသည်။ Huawei Showroom တွင် Y6II ဝယ်ယူပါက 16GB SD Card လက်ဆောင်ရရှိပါမည်။

<Meizu M3 Note (16GB)>

Price-175,000 Ks

Meizu ဟာ Note Series များကို ထုတ်လုပ်ထားရာ ယခုဖုန်းကို Meizu Blue Charm Note3 လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဧပြီလက ထုတ်လုပ် ပေးထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ကတော့ ထောင့်ဘက်စွန်း များတွင် အဝန်းအဝိုင်းဖြင့် သေသပ်လှပသော ပုံစံရှိပါတယ်။ ဖုန်းရဲ့အရွယ် အစားပမာဏသည် 153.6 × 75.5 × 8.2 mm ရှိကာ အလေးချိန်သည် 163g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သော ဖုန်းအမျိုးအစားပါ။ အသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ LTPS IPS LCD capacitive touchscreen အမျိုးအစားဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အဝန်းကတော့ 5.5inches ပါ။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 1080×1920 ဖြစ်ပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 403ppi ပါ။ ဖုန်းကာကွယ်မှု အပိုင်းတွင်လည်း Dinorex T2X-1 scratch/shock resistant glass ပါရှိ ပါသေးတယ်။ Multitouch စနစ်တွင် Flyme UI ကိုသုံးစွဲနိုင်ပါမယ်။ အဓိကကင်မရာမှာ 13 MP, f/2.2 ဖြစ်ပြီး၊ Dual LED (Dual Tone) Flash ပါရှိပါသေးတယ်။ ရှေ့ကင်မရာငယ် ကတော့ 5MP, f/2.0 စွမ်းရည်ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည် ကတော့ 1080p ဖြစ်ပြီး နှုန်းမှာတစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် နှစ်မျိုး နှစ်စားရှိပါတယ်။ ROM 16GB ပါရှိပါက RAM မှာ 2GB ဖြစ်ပါတယ်။ RAM 3GB ဖြစ်လျှင် ROM မှာ 32GB ပါ။ Cardslot စနစ်ပါရှိသောကြောင့်လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်ပါသေး တယ်။ အသုံးပြုပေးထားသော Chipset အမျိုး အစားမှာ Mediatek MT 6755 Helio P 10 ဖြစ်ပါတယ်။ Finger Print Sensor လည်း ပါရှိပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 4100 mAh ဖြစ်ခြင်း ကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါလိမ့်မယ်။

<LG K10>

Price-179,000 Ks

LG ရဲ့ K10 ဟာ မော်ဒယ်နံပါတ်ကွဲများစွာရှိပါတယ်။ K 420N မှာ Europe အတွက်ဖြစ်ပြီး Russia အတွက်ကတော့ K 430DS ပါ။ K 430DSY ဟာ ထိုင်ဝမ်အတွက်ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ထုတ်လုပ်ပေး ထားတာဖြစ်ပါတယ်။ 2G, 3G, 4G Network များ သုံးစွဲနိုင်ပါမယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏ ကတော့ 146×74.8×8.8mm ဖြစ်ကာအလေးချိန်မှာ 142g ရှိပါတယ်။ ဆင်းကတ်တစ်ကတ်သုံးနဲ့ နှစ်ကတ်သုံး ဆိုပြီးရှိပါသေးတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာ ပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ် အဝန်းကတော့ 5.3inches ဖြစ်ပါ တယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆ ကတော့ 277ppi ပါ။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့အတွက်လည်း Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားပါသေးတယ်။ မော်ဒယ်နံပါတ်အမျိုး အစားအလိုက် မှတ်ဥာဏ်ပမာဏမှာ ကွဲပြားခြားနားသွားပါတယ်။ RAM ပမာဏတွင် 1GB , 1.5GB နှင့် 2GB ဆိုပြီး အမျိုးအစားကွဲပြားပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ် ပမာဏကို တိုးချဲ့သုံးစွဲနိုင်စေရန်အတွက် Cardslot စနစ်ပါရှိပါသေးတယ်။ အဓိကကင်မရာစွမ်းရည်မှာ သုံးစွဲနိုင်သော Network အမျိုးအစားပေါ် မူတည်၍ ကွဲပြား ပါတယ်။ LTE Model တွင် 13MP စွမ်းရည်ရှိပြီး 3G Model တွင် 8MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာ ငယ်မှာလည်း 5 (သို့) 8MP ဆိုပြီးကွဲပြားနိုင်ပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့် ကို 30 frame နှုန်းရရှိပါမယ်။ K 420N Model တွင် Qualcomm Snapdragon 410 Chipset ကိုသုံးပေးထားပါ တယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2300 mAh ဖြစ်ပြီး အရောင်ကွဲများ လည်း ထုတ်လုပ်ပေးထားပါသေးတယ်။

<LG K7>

Price-139,000 Ks

LG ဟာ L Series နှင့် G Seriesဟန်းဆက်များကို ထုတ်လုပ်ရောင်းချသလို K Series ဟန်းဆက်များကို လည်း ရောင်းချထားပါတယ်။ K 7 ဟာ အလယ် အလတ်စွမ်းရည်ရှိသော ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက မိတ်ဆက်ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ မော်ဒယ် နံပါတ် X 210 ဟာ Europe အတွက်ဖြစ်ပြီး X 210DS ကတော့ ရုရှားအတွက် ဖြစ်ပါတယ်။ MS 330 ဟာ Metro PCS အတွက်ပါ။ K7 ဟာ ဆင်းကတ် တစ်ကတ်သုံးနဲ့နှစ်ကတ်သုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အရွယ် အစားကတော့ Micro SIM ပါ။ ဖုန်းရဲ့ခလုတ်နှင့် အဓိက ကင်မရာတို့ကို အနောက်ဘက်တွင် အထက်အောက် ပုံစံတပ်ဆင်ပေးထား ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 143.6 × 72.5 × 9.1mm ရှိကာ အလေး ချိန်သည် 161g ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကိုအသုံးပြု ပေးထားပြီး မျက်နှာပြင်အကျယ် အဝန်းပမာဏကတော့ 5inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက် ပံ့ပေးထားသော Pixels ပမာဏမှာ 480 × 854 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ် သည်းဆကတော့ 196ppi ပါ။ ကင်မရာပိုင်းတွင်မော်ဒယ်အလိုက်ကွဲပြားမှုရှိပါမယ်။ အဓိကကင်မရာသည် 8MP (သို့) 5 MP (f/2.6) စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိပါတယ်။ 720p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ 3G Model, LS 675 တွင် Internal Storage သည် 8GB ဖြစ်ပြီး RAM ပမာဏမှာ 1GB ဖြစ်ပါတယ်။ LTE Model တွင် Internal Storage ဟာ 8 (သို့) 16GB ဖြစ်ပြီး RAM ပမာဏကတော့ 1.5GB ပါရှိပါ တယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါက မှတ် ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲရပါမယ်။ Chipset, CPU နှင့် GPU တို့သည်လည်း မော်ဒယ် အလိုက်အနည်း ငယ်ကွဲပြားပါတယ်။ ဘက်ထရီမှာ Li-ion 2125 mAh ဖြစ်ပါတယ်။

<OPPO NEO 7>

Price-149,000 Ks

OPPO Neo 7 တွင်ပါဝင်သော Mirror Surface သည် လိုအပ်သလိုဖြုတ်နိုင်၊ တပ်နိုင်ပြီး Optical Coating နည်းပညာနှင့် Fiber glass ကိုအသုံးပြုထား သည်။ ကျောဘက်ကို Coating အလွာ ၁၃ ခုဖြင့် ပြုလုပ်ထားပြီး တောင့်တင်း ခိုင်မာမှုရှိစေရန် လုပ်ငန်းစဉ် ၄ဝဖြင့် ပြုလုပ်ထားသည်။ 0.56 မီလီမီတာ ရှိသည့် အထူကြောင့် ပါးလွှာမှုအပိုင်းက အံ့အားသင့်စရာကောင်းမွန်သည်။ အဖြူနှင့်အနက်အရောင်နှစ်မျိုး ရွေးချယ်နိုင်မည့် Neo 7 ၏ကိုယ်ထည်ဘောင် ကိုဆွဲဆောင်မှုရှိသောအရောင်နှစ်မျိုး (ရွှေရောင်၊ငွေရောင်)ဖြင့်ရရှိနိုင်မည်။ အဓိက ထူးခြား ချက်မှာ ၅လက်မ Screen ဖြစ်ပြီး ချောမွေ့သောအနားစွန်း များက လက်ထဲတွင် ကိုင်ဆောင်ထားသည့်အခါ သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။ Neo7 ၏ကိုယ်ထည်ကိုတောင့်တင်းခိုင်မာမှုမြင့်မားသော မဂ္ဂနီဆီ ယမ်၊ အလူမီနီယံသတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။ အရည်အသွေးမြင့် သည့် သတ္တုစပ်ကိုယ်ထည်ကဖုန်း၏ အလေးချိန်ကိုပေါ့ပါးစေပြီး အံ့အား သင့်ဖွယ် ကောင်းသည့် အကြမ်းဒဏ်ခံနိုင်မှုကို ပေးစွမ်းနိုင်သလို အပူဒဏ်ကို လည်း လွင့်ပါးပျောက်ကွယ်စေမည်။ OPPO Neo 7 တွင် 8-megapixel ကျောဘက်ကင်မရာပါဝင်ပြီး ၄င်းသည် အခြေအနေအရပ်ရပ်တွင် အံ့အားသင့် ဖွယ်လှပသော ဓာတ်ပုံများကိုဖန်တီးပေးနိုင်သည်။ အဆင့်မြှင့်ထားသော 5-megapixel အရှေ့ဘက်ကင်မရာကြောင့် ကြည်လင်ပြတ်သားသော Selfie ဓာတ်ပုံများနှင့်ဗွီဒီယိုများကို ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Pure Image 2.0+ imaging platform ပါဝင်သောကြောင့်ဖုန်း၏ကင်မရာကို များပြားလှသော Plugin များဖြင့် အသုံးပြုကာရိုက်ကူးနိုင်သည်။ ဖုန်းတွင်ပါဝင်သော light-sensitive sensor က သုံးစွဲသူ၏မျက်နှာနှင့်အဆင်ပြေစေမည့် Screen အလင်းအမှောင်ကို ချိန်ညှိပေးနိုင်သည်။ Quad-Core CPU, RAM 1GB စသည်တို့ ထည့်သွင်းပေးထားပြီး Battery မှာ Li-Po 2420mAh ဖြစ်ပါတယ်။

<Lenovo A7000 Plus>

Price-149,000 Ks

Lenovo A7000 Plus ဟာ Phablet ဖုန်းအမျိုးအစားတစ်ခုဖြစ်ကာ GSM, HSPA, LTE Networks စနစ်တွေ ကိုအသုံးပြုနိုင်ပြီး Micro SIM Card 2 Card ကိုထည့်သုံးနိုင်ပါတယ်။ အဆိုပါနည်းပညာပစ္စည်း၏ အရွယ်အစား ပမာဏက 152.6 × 76.2 × 7.99mm ရှိပြီးအလေးချိန်က 140g ရှိပါတယ်။ ကိုင်တွယ် အသုံးပြုဖို့အတွက် အဆင်ပြေပါမယ်။ ဖုန်းရဲ့မျက်နှာပြင်သည် IPS Capacitive Touchscreen အမျိုးအစားဖြစ်ပြီး အကျယ်အဝန်း ပမာဏမှာ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ သိပ်သည်းဆမှာ 1080 × 1920 ဖြစ်ပါတယ်။ ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 401ppi ဖြစ်ပါတယ်။ သုံးစွဲနိုင်တဲ့ Multitouch စနစ်က Lenovo Vibe UI ဖြစ်ပါတယ်။ Multitouch စနစ်တွင်လက်ချောင်း ငါးချောင်းအထက် အသုံးပြုနိုင်ပါမယ်။ ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်း ပေးထားပါတယ်။ အနောက် ကင်မရာက 13MP စွမ်းရည်ရှိပြီး f/2.0 ပါရှိကာ၊ Dual LED Flash ကိုတွဲဖက်သုံးစွဲနိုင်ပါမယ်။ ဗီဒီယိုရိုက် ကူးနိုင်မယ့်စွမ်းရည်မှာ 1080P ဖြစ်ကာ နှုန်းကတော့တစ်စက္ကန့်ကို 30frames ပါ။ ရှေ့ကင်မရာငယ် ကတော့ 5MP စွမ်းရည်ရှိပါတယ်။ Geo-tagging, touch focus, face detection စသော ကင်မရာဆက်စပ်ပတ် သက်စနစ်များကိုလည်း အသုံးပြု နိုင်ပါမယ်။ RAM 2GB ကို ထည့်သွင်းပေးထားပြီး Internal Storage က 16 GB ဖြစ်ပြီး အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း SD Card စနစ်ပါရှိပြီး၊ 32 GB အထိထပ်မံစိုက်ထည့်သုံးနိုင်မှာပါ။ အသုံးပြုထားတဲ့ Chipset အမျိုးအစားကတော့ Media Tek MT 6752 ပဲဖြစ်ပါတယ်။ GPU မှာ Mali-T760 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားက 2900mAh ရှိခြင်းကြောင့် အချိန်ကြာမြင့်စွာသုံးနိုင်ပါမယ်။ Active noise cancellation with dedicated mic စနစ်လည်း ပါရှိပါတယ်။

<KENBO O31 Plus>

Price-129,800 Ks

ဖုန်းသုံးနေတဲ့အချိန်မှာထစ်ငေါ့သွားခြင်း၊ လေးသွားခြင်းများကိုကြုံတတ်ပါ တယ်။ သာမန်အချိန်တွင်မသိသာ ပေမယ့်အလုပ်များသည့်အချိန်မျိုးနှင့် အရေးတကြီးသုံးစရာရှိသည့်အခါမျိုးတွင်ထိုကဲ့သို့ဖြစ်ပါက စိတ်အနှောင့် အယှက်ဖြစ်ကြရမှာပါ။ KENBO စမတ်ဖုန်းမှ ထစ်ငေါ့ခြင်းမရှိဘဲ မြန်ဆန် သွက်လက်စွာ အသုံးပြုလို့ရမယ့် O31 Plus ဖုန်းကို သုံးစွဲသူများအတွက် ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ဖုန်းမျက်နှာပြင် အကျယ်အဝန်းကတော့ 5.2inches ရှိတာကြောင့် အရမ်းမသေးသည့်အကျယ်အဝန်းဖြစ်ပါတယ်။ ဖုန်းသုံးသည့်အခါမှာကြည်လင် ပြတ် သားသောမြင်ကွင်းများကိုရရှိစေဖို့ရန် 1920x1080pixels ပမာဏရှိသည့် Full HD ရုပ်ထွက်ကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်ပေးထားပါတယ်။ 2.5D Screen ကို မျက်နှာပြင်မှာ သုံးပေးထား သည့်အတွက် ရုပ်လုံးရုပ်ကြွ များကိုဖုန်းမှာ ပိုမိုသိသာထင်ရှားစေမှာပါ။ ဖုန်းကိုမြန်ဆန်သွက်လက်စေဖို့အတွက် Octa-core 1.3GHz စွမ်းရ ည်ရှိသော CPU စွမ်းရည်နဲ့ RAM 2GB ကို ပေါင်းစပ်ဖန်တီးပေးထားတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အချက် အလက်သိမ်းဆည်းနိုင်မှုအပိုင်းတွင်ဖုန်းအတွင်းပိုင်း Memory အဖြစ် 16GB ပါရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ အချက် အလက်များစွာ သိမ်းဆည်းချင်သူများအနေဖြင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲရပါမယ်။ Micro SD Card ကို သုံး၍ သိမ်းဆည်းနိုင်သည့် မှတ်ဥာဏ်ပမာဏမှာ 64GB ထိဖြစ်ပါတယ်။ လိုင်းဆွဲအား ကောင်းမွန်ပြီး 2G/3G နှင့် 4G LTE မိုဘိုင်း ကွန်ရက်တွေမှာဖုန်းသုံးနိုင်မှာဖြစ်ပါတယ်။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားတဲ့ ဖုန်းဖြစ်ပါတယ်။ အဓိက ကင်မရာဟာ 13MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည် ဖြစ်ပါတယ်။ VIV/PIP ကင်မရာစနစ်၊ Wide Selfie, Panorama, Night Mode, Beauty Face အစရှိသော Camera Function များကိုလည်းတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ အားသွင်းအသုံးပြု ရမယ့် ဘက်ထရီပမာဏမှာ 2900mAh ဖြစ်ပါတယ်။

<Gionee S5.1>

Price-159,000 Ks

ယခုဖုန်းကို Gionee GN9005 လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဖုန်းရဲ့အရွယ် အစားပမာဏမှာ 139.8 × 67.4 × 5.2 mm ဖြစ်ကာ အလေးချိန်မှာ 97.7g ရှိပါတယ်။ Micro Sim ထည့်သွင်း အသုံးပြုရမယ့်ဖုန်းပါ။ ဖုန်းမျက်နှာပြင် အတွက် Amoled Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အ ကျယ်အဝန်းကတော့ 4.8 inches ရှိပြီးမြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720×1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 306 ppi ပါ။ Multitouch စနစ်တွင် Amigo OS 2.0 ကို သုံးစွဲနိုင်ပါမယ်။ ဓာတ်ပုံ ရိုက်ကူးနိုင်ရန်အတွက် ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင် ပေးထားပြီး အဓိကကင်မရာမှာ 8 MP, f/2.2 စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်မှာ 5 MP, f/2.4 စွမ်းရည်ရှိပါ တယ်။ Geo - tagging, Touch Focus , Face Detection , Panorama စသော ကင်မရာဆက်စပ် ပတ်သက် စနစ်များကိုလည်း အသုံးပြု နိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 frames ပါ။ Active Noise Cancellation With Dedicated Mic စနစ်ကိုလည်း ထည့်သွင်းပေးထားပါ သေးတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 1GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ KitKat ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6592 ပါ။ CPU စွမ်းရည်မှာ Octa core 1.7 GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့ အခါမှာလည်း လျင်မြန်သောတုံ့ပြန်မှု များကို ပေးစွမ်းပါလိမ့်မယ်။ GPU အမျိုးအစားမှာ Mali-450 MP4 ဖြစ်ပါတယ်။ လေးထောင့်ကျကျပုံစံရှိသော Gionee S5.1 တွင် ထည့်သွင်းပေးထားသည့် ဘက်ထရီအမျိုးအစားမှာLi-Ion 2050 mAh ဖြစ်ပါတယ်။

<Vivo Y51>

Price-168,000 Ks

ဈေးနှုန်းသင့်သော ဖုန်းများစွာကိုထုတ်လုပ်ပေးထားခြင်းဟာလည်း လူတန်းစားမျိုးစုံဝယ်ယူနိုင်စေဖို့အဆင်ပြေ စေပါတယ်။ Vivo ရဲ့ Y51 ဟာ ဈေးနှုန်း 170,000/- ကျပ်ဝန်းကျင်သာရှိပါတယ်။ လေးထောင့်ကျသောပုံပန်း သွင်ပြင်ကို ပိုင်ဆိုင်ထားသောဖုန်းဖြစ်ပြီး၊ ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏကတော့ 143.8x71.7x7.5mm ရှိပါတယ်။ အလေးချိန်မှာ 157g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာ ပြင်အကျယ်အဝန်းဟာ 5 inches ရှိပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏ ကတော့ 540x960 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆဟာ 220ppi ပါ။ Multitouch စနစ်တွင် funtouch OS 2.5 ကိုသုံးစွဲနိုင်ပါမယ်။ ကင်မရာနှစ်မျိုးနှစ်စားထည့်သွင်းပေးထားပြီး အဓိကကင်မရာ ဟာ 8MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ ကင်မရာရိုက်ကူးနိုင်သော ဆက်စပ်ပတ်သက်စနစ်များဖြစ်သည့် Geotagging, Touch focus, Face detection, HDR, Panorama စသည်တို့လည်း ပါရှိ ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment