♪ Huawei က Leica Selfie Camera ပါတဲ့ P10 ကို ကြေညာ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/5-5.jpg?fit=800%2C452&ssl=1


Huawei က MWC မှာ စွမ်းဆောင်ရည်မြင့် P10 ကို မိတ်ဆက်လိုက်ပါတယ်။ P10 ရဲ့ ဒီဇိုင်းကို 2.5D Curved Gorilla Glass 5 ဖြင့် ဆန်းသစ်ထားပါတယ်။ သတ္တုကိုယ်ထည်တပ်ဆင်ထားပြီး ခန့်ညားလှပပါတယ်။ P10 မှာ ၅.၁ လက်မ Full HD IPS Display တပ်ဆင်ထားပြီး P9 ရဲ့ ၅.၂ လက်မထက် အနည်းငယ် သေးငယ်ပါတယ်။ Mate 9 မှာလိုပဲ P10 မှာ Kirin 960 Chip မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM ထည့်သွင်းထားပါတယ်။

P10 ရဲ့ အနောက်ဘက်မှာ Leica Camera များဖြစ်တဲ့ 12MP Color နဲ့ 20MP Monochrome Sensors များ တပ်ဆင်ထားပါတယ်။ Color Camera မှာသာ OIS နည်းပညာ ပါပါတယ်။ Huawei က Variable Aperture Mode နဲ့ Beautification ကို ပေါင်းစပ်ထားတဲ့ Portrait Mode အသစ်ကို မိတ်ဆက်ထားးပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အနောက်ကင်မရာများနဲ့ Leica Camera ပဲ ဖြစ်တဲ့ 8MP Selfie Sensor များကနေ အသုံးပြုနိုင်ပါတယ်။ ဆော့ဝဲနဲ့ ပေါင်းစပ်၍ အရှေ့ကင်မရာတစ်လုံးထဲကနေ Bokeh Effects များကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ကင်မရာ ၂ လုံးကတော့ Bokeh Effects များကို မရိုက်ကူးနိုင်ပါဘူး။



P10 မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button အသစ်ရဲ့ အောက်မှာ မြှပ်နှံထားပါတယ်။ EMUI 5.1 ရဲ့ စွမ်းရည်ကြောင့် Home Button ကို စွယ်စုံသုံးနိုင်ပါပြီ။ Home Button ကို တစ်ချက်နှိပ်ရင် Back , ဖိထားရင် Home နဲ့ ပွတ်ဆွဲရင် Task Switcher တို့ကို သုံးနိုင်ပါတယ်။ အဲဒီအတွက် Back နဲ့ Task Switcher Button များ မပါရှိတော့ပါဘူး။
 
P10 မှာ 3200mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။ Android Nougat ကို Emotion UI 5.1 ဖြင့် ပေါင်းစပ်ထားပါတယ်။ မတ်လမှာ အစိမ်း၊ အပြာ၊ နှင်းဆီရွှေ၊ အဖြူ၊ အနက်၊ ငွေ၊ ရွှေရောင်များကို ရောင်းချမှာပါ။ ယူရို ၆၄၉ သတ်မှတ်ထားပါတယ်။




Credit to ==> DigitalTimes.com.mm




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment