
LG G6 တွင် မြင်ကွင်းကျယ်ကင်မရာများ ရှေ့ကောနောက်တွင်ပါ ပါလိမ့်မည်ဟု အသစ်ထုတ်ပြန် လိုက်သော တရားဝင်ကြော်ငြာပုံစံကြောင့်
သိရှိခွင့်ရခဲ့ကြသည်။ ရှေ့ဘက် selfie ကင်မရာသည် 100 ဒီဂရီမြင်ကွင်း
ရှိမည်ဖြစ်သော်လည်း resolution ကိုမူ ဖော်ပြထားခဲ့ခြင်းမရှိပေ။ ကျောဘက်တွင်
ကင်မရာနှစ်ခု dual သုံးခဲ့ပြီး 13 MP resolution ရှိကြောင်း သိရသည်။
ကင်မရာတစ်ခုမှာ 125 ဒီဂရီမြင်ကွင်းကျယ် မှန်ဘီလူးကို သုံးထားပြီး နှစ်ခုတွဲအလုပ်လုပ်ကာ အကောင်းဆုံးပုံရရှိစေရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးသည့် modes များစွာပါဝင်ပြီး 18:9, 1:1 စသည်တို့ဖြင့် ရိုက်ကူးနိုင်ပြီး Instagram, panorama Food mode နှင့် အခြား mode များစွာလည်း ပါဝင်ကြောင်း သိရှိရသည်။ 18:9 ဖြင့် ရိုက်ကူးခြင်းမပြုသည့်တိုင်
Full screen ကိုသုံးမည်ဖြစ်ပြီး တစ်ဖက်ခြမ်းတွင်
ယခင်ရိုက်ခဲ့သောပုံများကို ပြသပေးခြင်းဖြင့် Galaxy လို့ သွားရသော
ခရီးစဉ်ကို သက်သာရာရစေမည်ဖြစ်သည်။ ပုံ 2 ပုံမှ 100 ထိပူးပေါင်းပြီး LG ၏
Galaxy app အတွင်း ၌ GIF ပုံများ ဖန်တီးနိုင်မည်ဖြစ်သည်။
နောက်ဘက်ကင်မရာ၏ 125 ဒီဂရီမြင်ကွင်းသည် လူတစ်ယောက်၏ မြင်ကွင်းနှင့် ဆင်တူပြီး သင်မြင်သမျှ အားလုံးနီးပါးကို ကင်မရာမှ ဖမ်းယူရိုက်ကူးပေးနိုင်မည်ဟု
ဆိုသည်။ G6 ကို MWC ဘာစီလိုနာတွင် တရားဝင်ကြေညာသွားမည်ဖြစ်ကာ 5.7” 2880 x
1400 screen, Qualcomm Snapdragon 821, သတ္တုကိုယ်ထည်၊
ရေစိုဒဏ်ခံနိုင်စွမ်းတို့ဖြင့် ပွဲထွက်လာမည်ဟု သိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
ကင်မရာတစ်ခုမှာ 125 ဒီဂရီမြင်ကွင်းကျယ် မှန်ဘီလူးကို သုံးထားပြီး နှစ်ခုတွဲအလုပ်လုပ်ကာ အကောင်းဆုံးပုံရရှိစေရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးသည့် modes များစွာပါဝင်ပြီး 18:9, 1:1 စသည်တို့ဖြင့် ရိုက်ကူးနိုင်ပြီး Instagram, panorama Food mode နှင့် အခြား mode များစွာလည်း ပါဝင်ကြောင်း သိရှိရသည်။ 18:9 ဖြင့် ရိုက်ကူးခြင်းမပြုသည့်တိုင်
နောက်ဘက်ကင်မရာ၏ 125 ဒီဂရီမြင်ကွင်းသည် လူတစ်ယောက်၏ မြင်ကွင်းနှင့် ဆင်တူပြီး သင်မြင်သမျှ အားလုံးနီးပါးကို ကင်မရာမှ ဖမ်းယူရိုက်ကူးပေးနိုင်မည်ဟ
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment