♪ " Samsung Galaxy S8 မော်ဒယ်များတွင် 3000 နဲ့ 3500mAh Battery များ တပ်ဆင်ထားမည် " ♫

Image may contain: phone and text

Samsung ၀န်ထမ်းများမှ ထွက်ပေါ်လာတဲ့ သတင်းများအရ Samsung က Galaxy S8 ကို မော်ဒယ် ၂ မျိုး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ 5.8 လက်မ S8 မော်ဒယ်မှာ 3000mAh Battery နဲ့ 6.2 လက်မ S8 Plus မော်ဒယ်မှာ 3500mAh Battery တပ်ဆင်ထားမှာဖြစ်ပါတယ်။ Galaxy S8 ရဲ့ ဘက်ထရီပမာဏဟာ Galaxy Note 7 နဲ့ တူညီပါတယ်။

Samsung က Note 7 ဘက်ထရီမီးလောင်မှုများအပြီးမှာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး Galaxy S8 စမတ်ဖုန်းများကနေစပြီး နောက်ပိုင်းထုတ်စမတ်ဖုန်းများမှာ ထည့်သွင်းမယ့် ဘက်ထရီများကို အဆင့် 8 ဆင့်ဖြင့် စစ်ဆေးမယ်လို့ ကြေညာခဲ့ပါတယ်။ Samsung Galaxy S8 စမတ်ဖုန်းများဟာ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားတဲ့ ပထမဆုံးစမတ်ဖုန်းများ ဖြစ်လာကြမှာဖြစ်ပါတယ်။ Samsung Exynos Chipset ထည့်သွင်းထားတဲ့ မော်ဒယ်များကို အချို့နိုင်ငံများမှာ ရောင်းချမှာဖြစ်ပါတယ်။ Galaxy S8 မှာ 4GB RAM သို့မဟုတ် 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Storage အပိုင်းမှာ 64GB နဲ့ 128GB များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းများမှာ 256 GB အထိ ၀င်ဆန့်တဲ့ micro SD Card ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Samsung Galaxy S8 နဲ့ S8 Plus မှာ တူညီတဲ့ 12MP Rear Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။ အဲဒီကင်မရာမှာ Dual ADC နဲ့ Dual Pixel Auto­focus နည်းပညာများ ပါလာမှာဖြစ်တဲ့အတွက် ဓာတ်ပုံအရည်အသွေးဟာ အလွန်ကောင်းမွန်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားမှာဖြစ်ပြီး IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ ဖုန်များမ၀င်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ Samsung ရဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် Bixby ကိုလည်း စမတ်ဖုန်းများမှာထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ 

ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်ဖို့ သီးခြားခလုတ်တစ်ခုကိုလည်း Samsung က တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို Hello လို့ ပါးစပ်ကပြောလိုက်ရင်လည်း ဆင့်ခေါ်နိုင်မယ်လို့ သိရပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းများကို Samsung က မိတ်ဆက်မယ်လို့ သိရပါတယ်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment