♪ " Chuwi မှ ဈေးသက်သာသော Hi 13 Convertible tablet ကို ထုတ်လုပ် " ♫

Image may contain: phone and screen

Chuwi သည် Hi 13 Convertible tablet ကို ထုတ်လုပ်ကာ Amazon မှ တစ်ဆင့် ရောင်းချခဲ့သဖြင့် တရုတ်နိုင်ငံတွင်သာမက ကျန်ဒေသများတွင်ပါ ၀ယ်ယူခွင့်ရရှိခဲ့ကြသည်။ Hi 13 သည် Microsoft ၏ Surface Book 2 in 1 tablet ကို ဈေးသက်သက်သာသာဖြင့် ရနိုင်သည့်ပုံစံမျိုးဖြင့် ကြိုးပမ်းမှုဖြစ်ခဲ့ သည်။

အရွယ်အစားအားဖြင့် တူညီသည့် 13.5” screen ပါဝင်ပြီး 3000 x 2000 pixels resolution နှင့် SurfaceBook ကဲ့သို့ပင် digital pen ပါဝင်ခဲ့သည်။ Windows OS ကို သုံးစွဲထားပြီး တူညီမှုမှာ ထိုနေရာတွင် အဆုံးသတ်သွားခဲ့သည်။ 369 ဒေါ်လာသာရှိသဖြင့် Hi 13 သည် Surface Book ထက်ဈေးများစွာသက်သာခဲ့ပြီး spec တွင်လည်း လျှော့ချထားခဲ့သည်။ Surface Book တွင် Intel Core i5 နှင့် i7 processor တို့ကိုသုံးသော်လည်း Hi 13 တွင် Intel Celeron N 3450 processor ကိုသာသုံးခဲ့သည်။ 

ဈေးအသက်သာဆုံး SurfaceBook ၌ပင် 8 GB RAM နှင့် 128 GB storage တို့ပါ ၀င်သော်လည်း Hi 13 မှာမူ 4 GB RAM နှင့် 64 GB storage တို့သာ ပါဝင်ခဲ့သည်။ ဂရပ်ဖစ်ကတ်ကိုလည်း သီးခြားထည့်သွင်းပေးထားခြင်းမရှိပေ။ 


Hi 13 သည် စွမ်းဆောင်ရည် အလွန်မြင့်မားစရာမရှိသော်လည်း USB Type C , dual- band WiFi နှင့် စတီရီယိုစပီကာ ၄ လုံး ပါဝင်ခဲ့သည်။ 10,000 mAh ဘက်ထရီပါဝင်ပြီး ဘက်ထရီသက်တမ်း 7 နာရီရှိမည်ဟု Chuwi ဆိုထား သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment