Huawei ဟာ Y6 ကို Series အလိုက် ထုတ်လုပ်ရောင်းချပေးထားပါတယ
SIM Card 2 Card ထည့်သွင်း အသုံးပြုနိုင်သောဖုန်း အမျိုးအစားဖြစ်ပြီး ထည့်သွင်းသုံးစွဲရမယ့် SIM Card အရွယ်အစားမှာ Micro SIM ဖြစ်ပါတယ်။ IPS LCD Capacitive Touchscreen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 720×1280 ဖြစ်ကာ ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294ppi ပါ။
Multitouch စနစ်တွင် Emotion 3.1 UI ကိုသုံးစွဲနိုင်ပါမယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Android OS, v5.1 ဖြစ်ပါတယ်။ ထည့်သွင်းပေးထားတဲ့ Chipset အမျိုးအစား ကတော့ Qualcomm Snapdragon 210 ပါ။ CPU ရဲ့ စွမ်းရည်မှာ Quad-Core 1.1 GHz Cortex-A7 ဖြစ်ပါတယ်။ GPU အမျိုးအစားကတော့ Adreno 304 ပါ။
မှတ်ဥာဏ်ပမာဏအပိုင်းတွင် Internal Storage ကို 8GB ပါရှိအောင်ဆောင် ရွက်ပေးထားပြီး RAM အပိုင်းမှာတော့ 1 (or) 2 GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ Cardslot စနစ်ကိုအသုံးပြု၍လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင် ပါမယ်။ အဓိက,ကင်မရာရဲ့စွမ်းရည်မှာ 8MP, f/
720p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူး ပါက တစ်စက္ကန့်ကို 30 Frames နှုန်းရရှိပါမယ်။ Bluetooth Version ကတော့ 4.1 ဖြစ်ပါတယ်။ အားသွင်းအသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Po 2200 mAh ဖြစ်ပြီး 3G Network တွင် အသင့်အနေအထားအတွက် နာရီ ၃၀၀ နီးပါးနှင့် စကားပြောဆိုဖို့ ၁၁ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။
<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Memory - 8GB
Bluetooth - v4.1
CPU - Quad Core 1.1GHz
OS - Android OS, v5.1
Contact - 01-252988
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com
0 comments:
Post a Comment