စမတ်ဖုန်းများအတွက် Honor VR Camera လို့ခေါ်တဲ့ ၃၆၀ ဒီဂရီ clip-on
ကင်မရာတစ်မျိုးကို တရုတ်စမတ်ဖုန်း ကုမ္ပဏီ Huawei က မိတ်ဆက်ပေးလိုက်ပါတယ်။
Insta360 နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Honor VR Camera မှာ 3K photography နဲ့ live-streaming ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Insta360 ရဲ့ app တစ်ခုကတစ်ဆင့် ၃၆၀ ဒီဂရီ ဗီဒီယိုတွေကို သိမ်းဆည်းပြီး ဝေမျှနိုင်ပါတယ်။
ဈေးနှုန်းနဲ့ ကျန်အသေးစိတ် အချက်အလက်ကိုတော့ မကြာခင်ကျင်းပမယ့် Mobile World Congress မှာ Huawei က ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။

Credit to ==> Internet Journal
www.pyaephyo.com
0 comments:
Post a Comment