♪ ဆမ်ဆောင်း က Galaxy Note 7 ကို ဘက်ထရီ လဲ ပြီး ပြန်ရောင်းမည် ♫


ဆမ်ဆောင်းကုမ္ပဏီ ရဲ့ ထုတ်ဖော်ပြောကြားချက် အရ ဘက်ထရီ ကြောင့် ပေါက်ကွဲမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တဲ့ ဆမ်ဆောင်း ရဲ့ Note 7 တွေကို ဘက်ထရီ လဲပြီး ပြန်လည်မွန်းမံ ပြင်ဆင် ကာ ဈေးကွက်ထဲကို ပြန်လည် တင်ပို့ ရောင်းချသွားမယ် လို့ ဆိုပါတယ်။

အဲဒီ သတင်း ကို တောင်ကိုရီးယားသတင်းဆိုဒ် တစ်ခု ဖြစ်တဲ့ The Korea Economic Daily က ထုတ်ဖော်သတင်းရေးသား ခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ရဲ့ ဇွန်လ၊ ပိုင်းမှာပဲ အဲဒီ Note 7 တွေကို ဈေးကွက် ကို ပြန်လည် မြင်တွေ့ရဖို့ ရှိနေတယ် လို့ ရောင်းချမယ့် လ နဲ့ တကွ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း က ဖြစ်ပွားခဲ့တဲ့ အဲဒီပြသနာ အပြီးမှာ ဆမ်ဆောင်း ဟာ ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး အရှုံ့းပေါ်ခဲ့ရတဲ့အပြင် ပြိုင်ဘက်တွေ နဲ့ စမတ်ဖုန်း ဈေးကွက်ထဲမှာ မျက်နှာပျက်ခဲ့ ရတဲ့အပြင် တောင်ကိုရီးယား လျှပ်စစ်စွမ်းအင်ဌာန အပါအ၀င် ကုန်သွယ်ရေးရုံးအဖွဲ့အစည်း တွေကလည်း ရိုးတိုးရိပ်တိပ် သတိပေးခဲ့ရတဲ့အထိ အခြေအနေပျက်ယွင်းခဲ့ရပါတယ်။

ဈးကွက်ထဲကနေ Note 7 တွေ ပြန်လည် သိမ်းယူတဲ့အချိန်အထိ ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ပြသနာ ကို မစဉ်းစားနိုင်သေးဘဲ အပူတပြင်း ဖြစ်နေခဲ့ပေမယ့် နိုင်ငံတကာ နည်းပညာရှင်တွေနဲ့ အယ်ဒီတာတွေက Galaxy Note 7 ကို တညီတညွတ်တည်း ချီးကျူးထားကြတဲ့ အချက်ကတော့ တော်တော်လေး innovative (ဖန်တီးနိုင်စွမ်း) မြင့်မား တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား မှာ ရှိတဲ့ တစ်ချီု့ သုံးစွဲသူတွေ ဟာ သူတို့ရဲ့ Note 7 အဟောင်းတွေကို ပြန်လည် အပ်နှံခဲ့ခြင်း မရှိခဲ့ဘဲ Battery ကိုသာ ဂရုတစိုကသုံးစွဲခဲ့ကြတယ် လို့ ဆိုပါတယ်။

အခု အသစ်ထုတ်လုပ်မယ့် Note 7 မှာ ဘက်ထရီဟာ 3500 mAh အစား 3000 mAh ကနေ 3200 mAh အတွင်းကိုသာ ပြန်လည် လဲလှယ်ပြီး ထုတ်လုပ်သွားမှာ လို့ ကိုရီးယား သတင်းစာ ရဲ့ အဆိုအရ သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment