♪ " Xiaomi Mi 5s " Price - 427,000 Ks (Gold) ♫

Image may contain: phone

ဒီတစ်ပတ်မိတ်ဆက်ပေးချင်တဲ့ Xiaomi Mi 5s ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ Mi 5 နဲ့ ဘာမှတော့ မဆိုင်လောက်အောင် ကွာခြားသွားပါတယ်။ Xiaomi flagship ဖုန်းအသစ်တစ်လုံးလို အဆင့်မြင့်တဲ့ specifications တွေ၊ feature အသစ်တွေနဲ့ ဒီဇိုင်းပုံစံအသစ်တွေနဲ့ချည်းပဲ ထည့်သွင်းတည်ဆောက် ပေးထားတာကို တွေ့ရပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့ ပြုလုပ်ပေးထားပြီး အရှေ့ဘက်မှာပါရှိတဲ့ 2.5D Dispaly ကြောင့် ပိုမိုဆွဲဆောင်မှုရှိစေတဲ့အပြင် အကြမ်းလည်း ခံပါတယ်။

၎င်းမှာ 3D Sensor ဖြစ်တဲ့ ultrasonic fingerprint sensor ကို ပထမဦးဆုံး အကြိမ် ထည့်သွင်းပေးထားဖြစ်ပြီး ၄င်း sensor က အခြား capacitive sensor တွေနဲ့ မတူဘဲ ပိုမိုလျင်မြန်တိကျတဲ့အပြင် ရေရှည်လည်း အသုံးပြုနိုင်မှာပါ။ Sensor က သင့်လက်ဗွေရာကို 3D map အဖြစ် မှတ်ယူထားနိုင်ပြီး လက်ချောင်းရေစိုနေရင်တောင် sensor ကို အသုံးပြုနိုင်ပါတယ်။ ၄င်းကို အရှေ့ဘက်မျက်နှာပြင်ရဲ့ glass အောက်မှာ ထည့်သွင်းပေးထားပါတယ်။ ဖုန်းအရွယ်အစားက 145.6 x 70.3 x 8.3 mm ရှိပြီး 145g အလေးချိန်လေးပါတယ်။


GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေကို ထောက်ပံ့ပေးထား ပြီး Nano SIM card ၂ ကတ်ကို ထည့်သွင်းသုံးစွဲနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်အကျယ် 5.15-inch ရှိပြီး အပေါ်က 2.5D IPS LCD Capacitive touchscreen display ကို သုံးပေးထားပါတယ်။ ၄င်းမျက်နှာပြင်က full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် 3D Touch Display ဖြစ်တာကြောင့် ရုပ်ထွက်အလွန်ကောင်းပြီး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို သဘာဝကျတဲ့ အရောင်အသွေးတွေနဲ့ ပြသပေးနိုင်ပါတယ်။ အထဲမှာ Android OS, v6.0 (Marshmallow) ကို အခြေခံထားတဲ့ MIUI 8.0 user interface ကို သုံးစွဲထားပါတယ်။


အနောက်ကင်မရာက အရင်ထုတ်လုပ်ခဲ့တဲ့ Mi 5 ထက် 4MP လောက် လျှော့ချထားပြီး 12MP ကို ထောက်ပံ့ပေးထားပေမယ့် အကောင်းဆုံး sensor စနစ်နဲ့ f/2.0 aperture ကို သုံးစွဲပေးထားတဲ့အတွက် compact camera တွေရဲ့ အရည်အသွေးလောက်ကို ပေးစွမ်းနိုင်ပါတယ်။ အရှေ့ကင်မရာက 4MP ရှိပြီး aperture size ကတော့ ပင်မကင်မရာကြီးနဲ့ အတူတူပါပဲ။ ဖုန်းထဲမှာ Data တွေ တော်တော်များများကို သိမ်းဆည်းဖို့အတွက် လုံလောက်တဲ့ Internal memory 128GB ပါရှိပါတယ်။ ဒါကြောင့် micro SD card slot ကို ထည့်သွင်းမပေးထားတော့ပါဘူး။


ဖုန်းရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ processor အတွက် Snapdragon 821 Quad-Core 2.35GHz processor ကို ကိုယ်ထည်ထဲမှာ ထည့်ပေးထားပြီး Adreno 530 624MHz GPU တို့ကြောင့် လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို အဆက်မပြတ်ပြုလုပ်နိုင်ပြီး နောက်ဆုံးပေါ်ဂိမ်းကြီးတွေနဲ့ app တွေကို အဆင်ပြေပြေ ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ ဒါတွေကြောင့် စက်ပူတာတွေနဲ့ စက်ဟမ်းတာတွေကို မဖြစ်စေအောင် အကောင်းဆုံးကာကွယ်ပေးပြီး error တွေလည်း အထိရောက်ဆုံး လျှော့ချပေးထားပါတယ်။
၎င်းမှာ wireless connection နည်းပညာတစ်ခုဖြစ်တဲ့ built-in NFC စနစ်လည်း ပါရှိတာကြောင့် communications တွေကို အလျင်မြန်ဆုံး၊ အလွယ်ကူဆုံးနဲ့ စိတ်အချရဆုံး လုပ်ဆောင်နိုင်ပါတယ်။ USB Type-C 1.0 reversible connector ကလည်း ၂ ဖက်လုံးကို အသုံးပြုနိုင်တဲ့အတွက် ကြိုက်တဲ့ဘက်ကနေ ထိုးသွင်းနိုင်ပါတယ်။ အင်တာနက်သုံးစွဲရတာလည်း လျင်မြန်မှုရှိပြီး ဖုန်းခေါ်ဆိုတဲ့နေရာမှာလည်း လိုင်းဆွဲအား အထူးကောင်းမွန်ပါတယ်။


၎င်း Xiaomi Mi 5s ကို ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလကတည်းက ဈေးကွက်ထဲကို ထုတ်လုပ်ရောင်းချပေးခဲ့ပြီး အခုချိန်ထိ လူကြိုက်များတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်နေဆဲပါပဲ။ ဒီဇိုင်းပုံစံ၊ စက်စွမ်းဆောင်ရည်၊ မြင်ကွင်း စွမ်းအား၊ ဘက်ထရီစွမ်းရည်နဲ့ နောက်ဆုံးပေါ်အဆင့်မြင့် features တွေကလည်း ဒီအချိန်ထိ ဆွဲဆောင်ထားနိုင်တာပဲဖြစ်ပြီး ပေးရတဲ့ဈေးနဲ့ ကိုင်တွယ်သုံးစွဲရတာက ထိုက်တန်မှုလည်း ရှိပါတယ်။

* Battery Life *

ဘက်ထရီစွမ်းအားပိုင်းကို Non-removable 3200mAh က ပံ့ပိုးပေးထားတာကြောင့် တစ်နေ့တာဖုန်းသုံးစွဲမှုအတွက် လုံလောက်တဲ့စွမ်းအားကို ရရှိနိုင်မှာပါ။ ဒါ့အပြင် fast charging စနစ်က မိနစ် ၃ဝ အတွင်းမှာ ဘက်ထရီစွမ်းအား ၈၃ ရာခိုင်နှုန်းခန့် အားပြန်သွင်းပေးနိုင်ပါတယ်။

* Design *

တည်ဆောက်ပုံဒီဇိုင်းက အနည်းငယ်ထူပြီး အလေးချိန်နဲ့ အရွယ်အစားကတော့ ကိုင်တွယ်သုံးစွဲလို့ ကောင်းပါတယ်။ သတ္တုကိုယ်ထည် ဖြစ်ပေမယ့် အရမ်းကြီးလည်း မလေးတာကြောင့် အဆင်ပြေပါတယ်။ အရှေ့ဘက်ရော နောက်ကျောဘက်ပါ ခန့်ညားထည်ဝါမှုရှိပြီး သစ်လွင်တောက်ပနေပါတယ်။

* Processor *

Mi 5s မှာ RAM 4GB ပါရှိတဲ့ Snapdragon 821 Quad-Core 2.35GHz processor နဲ့ Adreno 530 624MHz GPU က ဖုန်းလုပ်ဆောင်ချက်တွေ အကုန်လုံးကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် multi-taskings တွေကိုလည်း အဆင်ပြေပြေ ပြုလုပ်နိုင်ပြီး ဂိမ်းတွေ၊ apps တွေကို စိတ်ကြိုက်ထည့်သုံးနိုင်မှာပါ။

* Display and Camera *

5.15-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို 2.5D IPS capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 12MP ရှိတဲ့ အနောက်ကင်မရာနဲ့ 4MP ရှိတဲ့ အရှေ့ကင်မရာက ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။

* Verdict *

Xiaomi Mi 5s ဟာ အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာ သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ အဆင်ပြေတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ မျက်နှာပြင်က အရမ်းကြီးမကျယ်ပေမယ့် ကောင်းမွန်တဲ့ မြင်ကွင်းစွမ်းအားတွေကြောင့် ရုပ်ရှင်ကြည့်တာတွေနဲ့ ဂိမ်းကစားတဲ့အခါမှာ ကြည်လင်ပြတ်သားမှုတွေကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

Specification
» Network : GSM/CDMA/HSPA/EVDO/LTE (Dual-SIM)
» Display : 5.15", IPS LCD capacitive touchscreen
» Dimensions : 145.6 x 70.3 x 8.3 mm
» Memory : 128GB, 4GB RAM
» Camera : 12MP, Front : 4MP, phase detection autofocus, dual-LED (dual tone) flash, geo-tagging, touch focus, face/smile detection, panorama, auto-HDR
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0
» OS : Android OS, v6.0 (Marshmallow)
» Chipset : Qualcomm MSM8996 Snapdragon 821 » GPU : Adreno 530
» CPU : Quad-core (2x2.15GHz Kryo & 2x1.6GHz Kryo)
» Protection : MIUI 8.0, 3D Touch Display
» Sensor : Fingerprint, accelerometer, gyro, proximity

Contact Phone - 09-774788861 (C4e Computer & Mobile)

Price - 427,000 Ks (Gold)



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment