♪ “Apple ရဲ့ နောက်ထုတ်မယ့် စမတ်ကီးဘုတ်မှာ Siri, Emoji နဲ့ Share Button များပါမည်” ♫

No automatic alt text available.

Apple က Siri , Emoji နဲ့ Share Button များပါတဲ့ စမတ် လက်တော့ ကီးဘုတ် Patent တစ်ခုကိုမှတ်ပုံတင်လိုက်ပါတယ်။ Patent အရ iPad အရွယ် ထိတွေ့ မျက်နှာပြင်ကိုစမတ်ကီးဘုတ်နဲ့ ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဲဒီလက်တော့ဟာလက်တော့၊ တက်ဘလက် ၂ မျိုးသုံး ဖြစ်နိုင်ပါတယ်။

Patent အရကီးဘုတ်ရဲ့ ညာဘက်အပေါ်ထောင့်မှာ Search key ပါရှိပြီး Word Document ကိုဖွင့်ထားချိန်မှာအဲဒီ Document ထဲမှ အရာများကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Email App ကိုဖွင့်ထားရင်တော့ အီးမေးများကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Search Key ကို ၂ ချက်နှိပ်ရင် အသုံးများတဲ့ Apps များကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီခလုတ်ကိုဖိထားရင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Siri ကိုဆင့်ခေါ်နိုင်မှာ ဖြစ်ပြီးအသံဖြင့် ရှာဖွေမှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Share Button ကို နှိပ်ရင် စကရင်မှာဖွင့်ထားတဲ့ အရာများကို မျှဝေနိုင်မယ့် Apps များကို ပြသပေးမှာ ဖြစ်ပါတယ်။ Emoji Button နဲ့ ပတ်သက်ပြီးတော့ Apple က အသေးစိတ်ရှင်းပြထားခြင်းမရှိသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment