♪ “LG က G6 ရဲ့ ကင်မရာအကြောင်းသိရပြီ” ♫

Image may contain: phone and screen

LG G6 ရဲ့ အရှေ့နဲ့အနောက်ဘက်ကင်မရာများဟာ မြင်ကွင်းကျယ်ရိုက်နိုင် တဲ့ ကင်မရာများ ဖြစ်ပါတယ်။ LG က G6 ရဲ့ ကင်မရာများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကိုအရိပ်အမြွက်ဖော်ပြ လိုက်ပါတယ်။ Selfie Camera ဟာ ၁၀၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများကိုရိုက်ကူးပေးနိုင် ပါတယ်။

အနောက်ဘက်မှာကင်မရာ ၂ လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ တစ်လုံးမှာ 13 Megapixel Camera ဖြစ်ပြီး ၁၂၅ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများ ဖမ်းယူ ပေးနိုင်ပါတယ်။ Shooting Mode များစွာပါရှိပြီး Instagram မှာဓါတ်ပုံများ တင်ဖို့အတွက် အဆင်ပြေတဲ့ စွမ်းဆောင်ချက်လည်းပါရှိပါတယ်။ Panaroma , Food Mode နဲ့ အခြား Modes များစွာလည်းပါပါတယ်။

LG G6 မှာဓါတ်ပုံပေါင်း ၁၀၀ ကနေ GIF ဖန်တီးနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ LG က G6 ကိုယခုလ ၂၆ ရက်နေ့မှာ Mobile World Congress တွင် မိတ်ဆက်မှာ ဖြစ်ပါတယ်။ G6 မှာ ၅.၇ လက်မ 2880x1400 Pixels Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 820 Chipset , 3200mAh Battery များတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဖုန်မ၀င် အောင် ကာကွယ်ထားပြီးရေစို ခံနိုင်မှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment