♪ “Pokemon Go မှာအကောင်အသစ် ၈၀ ကျော် ပါလာမည်” ♫

Image may contain: text

Pokemon Go ဖန်တီးသူများကဒီတစ်ပတ်ထဲမှာအကောင်အသစ်များစွာ ထည့်သွင်းပေးမယ်လို့ ကြေညာ လိုက်ပါတယ်။ Chikorita, Cyndaquil, Totodile အပါအ၀င် အကောင်အသစ်ပေါင်း ၈၀ ကျော် ပါဝင်လာမှာ ဖြစ်ပါ တယ်။ အကောင်အသစ်များကိုPokemon Gold နဲ့ Pokemon Silver Video Games များရဲ့ Johto ဒေသမှာရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Pokemon အကောင်များကိုကျား၊ မ ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ အကောင်များကို Evolve ပြုလုပ်ဖို့ အခွင့်အရေးများကိုလည်းပိုမိုထည့်သွင်း ပေးထားပါတယ်။ ဥပမာအားဖြင့် Kanto ဒေသမှာတွေ့ရတဲ့ အကောင်များ ကိုJohtoဒေသမှာ Evolve ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ PokeStops များမှာ လည်း Evolution Items အသစ်များကိုလည်းထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အဲဒါမှသာအကောင်အချို့ကို Evolve ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အကောင်များကိုဖမ်းဆီးရာမှာလည်းအကောင်များရဲ့ တုန့်ပြန်မှု အသစ်များကို လည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Avatar ကိုလည်းဦးထုပ်၊ အင်္ကျီ၊ ဘောင်းဘီအသစ်များဖြင့် အလှဆင်နိုင်မှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment