♪ “Meizu က M5s ကို မိတ်ဆက်ပြီ” ♫

Image may contain: phone and text

ယခင်နှစ်ဒီဇင်ဘာလမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Meizu က တန်ဖိုးနည်း Meizu M5 စမတ်ဖုန်းကို ရောင်းချပေးခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက် M5s ကို မိတ်ဆက်လိုက်ပါတယ်။ M5s မှာ ယခင်မျိုးဆက်ထက် Hardware အပိုင်းကို အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့် ယခင်မျိုးဆက်ထက် အားနည်းချက်တစ်ခုတော့ ပါလာပါတယ်။

M5 မှာလိုပဲ M5s မှာ ၅.၂ လက်မ 1280x720 Pixels Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် M5s မှာ 1.3GHz Octa-Core MediaTek MT6753 Processor တပ်ဆင်ထားပြီး M5 မှာတော့ အနည်းငယ်ပိုမိုကောင်းမွန်တဲ့ 1.5GHz MT6750 Processor ထည့်သွင်းထား ပါတယ်။ M5s အတွက် 16GB နဲ့ 32GB Storage Model များ ထုတ်လုပ် ပေးထား ပါတယ်။

 မော်ဒယ်နှစ်ခုစလုံးမှာ 3GB RAM ပါရှိပါတယ်။ M5 မှာတော့ 16GB Model မှာ 2GB RAM နဲ့ 32GB Model မှာ 3GB ထည့်သွင်းပေးထား တာပါ။ M5 နဲ့ M5s နှစ်လုံးစလုံးမှာ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ microSD Card Slot မှာ SIM Card ၁ ခု ထည့်သုံးနိုင်ပါ တယ်။

M5s နဲ့ M5 နှစ်လုံးစလုံးရဲ့ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ M5 မှာ 3070mAh Battery နဲ့ M5s မှာ 3000mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်းနှစ်လုံး စလုံးမှာ လက်ဗွေရာအာရုံခံ ကိရိယာကို Home Button မှာ တပ်ဆင်ထား ပါတယ်။ M5s မှာ Android Marshmallow ကို Flyme OS နဲ့ ပေါင်းစပ်ထားပါ တယ်။ 16GB Model ကို ဒေါ်လာ ၁၁၅ နဲ့ 32GB Model ကို ဒေါ်လာ ၁၄၅ ဖြင့် တရုတ်မှာ ရောင်းချပေးနေပါပြီ။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment