♪ LG G6 ကို မတ်လ ၁၀ ရက်နဲ့ Samsung Galaxy S8 ကို ဧပြီလ ၂၁ ရက်နေ့မှာ မိတ်ဆက်မည် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/lg_g6_800_thumb800.png?fit=800%2C450&ssl=1

အစောပိုင်း ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Samsung က Galaxy S8 နဲ့ S8+ စမတ်ဖုန်းများကို မတ်လ ၂၉ ရက်နေ့မှာ နယူးယောက်တွင် မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများကို ဧပြီလ ၂၁ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပြီး တောင်ကိုရီးယားမှာတော့ အဲဒီရက်နောက်ပိုင်းမှသာ ကြေညာမှာ ဖြစ်တယ်လို့ သတင်း အရင်းအမြစ် အသစ်များက ပြောပါတယ်။ အရင်ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ တောင်ကိုရီးယားမှာ အဲဒီ စမတ်ဖုန်းများကို မိတ်ဆက်အပြီး တစ်ပတ်ကြာမှ အခြားနိုင်ငံများမှာ မိတ်ဆက်မယ်ဆိုတဲ့ သတင်းလည်း ပါဝင်ပါတယ်။

Samsung ရဲ့ ယခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ယှဉ်ပြိုင်မယ့် LG G6 ကိုလည်း မကြာမီ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ LG က စွမ်းဆောင်ရည်မြင့် G6 စမတ်ဖုန်းကို မတ်လ ၁၀ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ LG G6 ကို ဧပြီလ ၇ ရက်နေ့မှာ အမေရိကန်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

သတင်းများသာ မှန်ခဲ့မယ်ဆိုရင် LG G6 ကို Samsung Galaxy S8 စမတ်ဖုန်းများထက် စောစီးစွာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် Mobile World Congress (MWC) မှာတော့ Samsung နဲ့ LG တို့က အခြား ထုတ်ကုန်များကို ပြသကြမှာ ဖြစ်ပါတယ်။

LG က အောင်မြင်မှု မရခဲ့တဲ့ G5 ရဲ့ Modular Design ကို G6 မှာ အသုံးမပြုတော့ဘူးလို့လည်း သတင်းများက အခိုင်အမာဆိုထားကြပါတယ်။



Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment