♪ " သုံးစွဲသူတစ်ဦးချင်းစီမှ လစဉ်ကြေး (၃,၀၀၀) ကျပ် ပေးသွင်းရုံဖြင့် အသုံးပြုနိုင်သည့် Closed User Group (CUG) " ♫

Image may contain: one or more people

MPT သည် အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွင်း သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်ထားသော B2B ၀န်ဆောင်မှုတစ်ခုဖြစ်သည့် Closed User Group (CUG) ၀န်ဆောင်မှုကို ပိုမိုသက်သာသောနှုန်းထားဖြင့် မိတ်ဆက်ပေးခဲ့ပြီး သုံးစွဲသူတစ်ဦးချင်းစီမှလစဉ်ကြေး (၃၀၀၀) ကျပ် ပေးသွင်းရုံဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် Closed User Group (CUG) ၀န်ဆောင်မှုသည် အသုံးပြုရရိုးရှင်းလွယ်ကူသည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး အဆိုပါဝန်ဆောင်မှုဖြင့် သုံးစွဲသူများသည် သီးသန့်အဖွဲ့ဖွဲ့ကာ အဖွဲ့ဝင်အချင်းချင်း အခမဲ့စာတိုပေးပို့မှုနှင့်ဖုန်းခေါ်ဆိုမှုတို့ကို MPT၏ လုံခြုံစိတ်ချရသည့်ကွန်ရက်ပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်သည်။ ၀န်ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ပြီးနောက် အဖွဲ့လိုက်သုံးစွဲနိုင်မည့် အနည်းဆုံးဦးရေမှာ (၅) ဦးဖြစ်ပြီး အများဆုံးသုံးစွဲနိုင်မည့်ဦးရေမှာမူ အကန့်အသတ်မရှိဖြစ်သည်။

အဆိုပါဝန်ဆောင်မှုကိုရယူရန်အတွက် မိမိတို့အဖွဲ့တွင်ပါဝင်သည့် သုံးစွဲသူတစ်ဦးချင်းစီမှ လစဉ်ကြေး (၃,၀၀၀) ကျပ် ပေးသွင်းရုံဖြင့် မိမိ၏၀န်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုလွယ်လင့်တကူ အမြဲထိတွေ့ဆက်ဆံနိုင်သည်။ MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “Closed User Group (CUG) ၀န်ဆောင်မှုပါဝင်တဲ့ MPT Business ကို မြန်မာနိုင်ငံမှာရှိတဲ့ ကြိုးဖုန်းနဲ့ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးစနစ်တို့အတွက် အကောင်းဆုံးဖန်တီးပေးဖို့ ရည်ရွယ် ထားပါတယ်။

ဒီဝန်ဆောင်မှုနဲ့အတူ ကျွန်တော်တို့က အကောင်းဆုံးသောဆက်သွယ်ရေးတစ်ခုကို ပေးစွမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ ” ဟု ဆိုသည်။ အဆိုပါဝန်ဆောင်မှုကို MPT ၏ GSM ၊ WCDMA (prepaid နှင့် postpaid) ၊ CDMA (prepaid) သုံးစွဲသူအားလုံး ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment