♪ iPhone 6 နှင့် 6s မမျှော်လင့်ဘဲ ပိတ်သွားမှုများကို iOS 10.2.1 update ကလျှော့ချ ပေးနိုင်ခဲ့ဟု Apple ဆို ♫


ပြီးခဲ့တဲ့လ အနည်းငယ်က iPhone 6, 6s, 6 Plus နဲ့ 6s Plus သုံးစွဲသူတွေအနေနဲ့ မမျှော်လင့်ဘဲ ဖုန်းပိတ်တတ်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ ဇန်နဝါရီလ ၂၃ ရက်မှာ iOS 10.2.1 update ကို Apple က ဖြန့်ချိပေးခဲ့ပါတယ်။

iOS 10.2.1 ဟာ iPhone 6s ရဲ့ မမျှော်လင့်ဘဲ ဖုန်းပိတ်တတ်တဲ့ ပြဿနာတွေကို ၈၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါတယ်။ iPhone 6 မှာဆိုရင် ပြဿနာကို ၇၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့ Apple က ထုတ်ပြန်ခဲ့ပါတယ်။

Apple အနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ iOS 10.2.1 update ကိုဖြန့်ချိခဲ့တဲ့အပြင် iPhone 6s ထုတ်ကုန် တချို့ကိုလည်း ပြန်သိမ်းခဲ့ပါတယ်။ iPhone ကို ထုတ်လုပ်စဉ် အတွင်းမှာ တချို့ဘက်ထရီတွေမှာ ချို့ယွင်းချက်ရှိတယ်လို့ Apple ပြောခဲ့ပါတယ်။ ဒါကြောင့် iPhone တချို့ရဲ့ ဘက်ထရီကို ပြန်လဲလှယ်ဖို့ လိုအပ်နေပါတယ်။

iOS 10.2.1 ဟာ ဘက်ထရီ အဟောင်းတွေက အရေးပေါ် ဖုန်းပိတ်ပေးမှုအပြင် ဟန်ချက်မညီတဲ့ စွမ်းအင် ပြဿနာကိုပါ ဖြေရှင်းပေးခဲ့ ပါတယ်။ Apple ကဖုန်းပိတ်တတ်မှု တွေအတွက် စွမ်းအင်စီမံခန့်ခွဲမှု စနစ်ကို ပြောင်းလဲခဲ့ပါတယ်။ Apple ကစွမ်းအင် ချိတ်ဆက်စရာ မလိုဘဲ auto-restart နည်းလမ်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီ feature ကို iOS 10.2.1 အတွင်း iPhone 6 နဲ့ 6s အတွက် ထည့်သွင်းပေးထားပါတယ်။ အသစ်ထွက်ရှိမယ့် iOS 10.3 မှာလည်း auto-restart feature ပြန်ပါလာမှာပါ။

လာမယ့်ရက် အနည်းငယ်အတွင်းမှာ iOS 10.2.1 မှာ ဘက်ထရီ သတင်းအချက်အလက် မျက်နှာပြင်သစ်တစ်ခု ပါဝင်လာပါမယ်။ အဲဒီမျက်နှာပြင်က ဘက်ထရီလဲလှယ်ဖို့ လိုအပ်တဲ့ သုံးစွဲသူတွေကို သတိပေးသွားမှာပါ။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment