♪ “OPPO F1s” - Price 299,000 Ks ♫

Image may contain: phone

2G,3G,4G Network အထောက်အပံ့ပေးစွမ်းမည့်ဖုန်းဖြစ်ပြီး၊ ဆင်းကတ် နှစ်ကတ်နှင့် SD ကတ်တစ်ပြိုင် တည်းထည့်သွင်းသုံးစွဲနိုင်ပါမည်။ အသုံးပြု ရမည့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ဖြစ်ပါသည်။ ဖုန်း မျက်နှာပြင် အတွက် IPS LCD capacitive touch-screen ကို အသုံးပြု ပေးထားပြီး၊ မျက်နှာပြင် အကျယ်အ၀န်းကတော့ 5.5 inches ရှိပါသည်။

ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့အတွက်လည်း Gorilla Glass 4 ဖုံးအုပ်ပေး ထားပါသေးသည်။ လက်ဗွေရာဖတ်စနစ်အသုံးပြုမှု တွင်ကျယ်နေခြင်းကြောင့် OPPO သည် F1s တွင်လည်း Fingerprint စနစ်အသုံး ပြုနိုင်အောင် လုပ်ဆောင် ပေးထားပါသည်။ အလွန်မြန်ဆန်သော 0.22s ဖြင့် ဖုန်းကို unlock လုပ်နိုင်မှာဖြစ်ပါသည်။ အသုံးပြုနိုင်မည့် Android version ကတော့ 5.1 ဖြစ်ပါသည်။

OPPO ရဲ့ Color OS 3.0 နဲ့တွဲဖက် သုံးရမှာဖြစ်ပါသည်။ ထည့်သွင်းပေးထားသော chipset အမျိုးအစား ကတော့ Mediatek MT6750 ပါ။ CPU ရဲ့စွမ်းရည်မှာ Octa Core 1.5GHz Cortex-A53 ဖြစ်သောကြောင့် ဖုန်းသုံးစွဲသည့်အခါတွင် လျင်မြန်သည့်တုံ့ပြန်မှုများကို ရရှိနိုင်ပါသည်။ ထည့်သွင်းပေးထားသော GPU ကတော့ Mali-T860MP2 ဖြစ်ပါသည်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး၊ ဖုန်းတွင်း မှတ်ဥာဏ်ပမာဏအဖြစ် 32GB ပါရှိအောင် ဆောင်ရွက်ပေးထားပါသည်။ F1s တွင် Virus Scanner စနစ် ပါရှိသောကြောင့် ဖုန်းကိုလုံခြုံစိတ်ချစွာ အသုံးပြု နိုင်ပါမည်။ သုံးစွဲသူ၏ မျက်လုံးကိုအကာအကွယ်ဖြစ်အောင်လည်း Eye Protection စနစ်ထည့် သွင်းပေးထားပါသေးသည်။


ဖုန်း၏မျက်နှာပြင်တွင် O ပုံစံ၊ V ပုံစံများ ရေးဆွဲ၍ မိမိလိုချင်သောစနစ်ကို တိုက်ရိုက်ဖွင့်သုံးစွဲနိုင်မည့် Gesture & Motion စနစ်လည်းပါရှိပါသည်။ Bluetooth version ကတော့ 4.0 ပါ။ ဘက်ထရီအမျိုးအစားမှာ Li-Po 3075 mAh ဖြစ်သောကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါမည်။


<Specification>

Network - GSM/HSPA
Screen - 5.5 inches
Memory - 32GB
Bluetooth - v4.0
CPU - Octa Core 1.5GHz
OS - Android OS, v5.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment