♪ Huawei Watch 2 ကို လာမယ့် ရက်ပိုင်းမှာ မိတ်ဆက်မည် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/gsmarena_003-1.jpg?fit=806%2C455&ssl=1


Huawei က လာမယ့် တနင်္ဂနွေနေ့တွင် စမတ်နာရီ အသစ်တစ်လုံးကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဘာစီလိုနာမြို့တော်မှာ ကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်မှာ ဖြစ်ပြီး Huawei Watch 2 စမတ်နာရီနဲ့အတူ စွမ်းဆောင်ရည်မြင့် P10 နဲ့ P10 Plus စမတ်ဖုန်းအသစ်များကိုလည်း ပြသမှာ ဖြစ်ပါတယ်။ Huawei မှ အကြီးအကဲများကလည်း စမတ်နာရီနဲ့ စမတ်ဖုန်းအသစ်များကို မိတ်ဆက်မယ်ဆိုတာကိုလည်း အတည်ပြုထားပါတယ်။

ယခုနှစ် ဇန်န၀ါရီလမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းအရ စမတ်နာရီဟာ အားကစားသမားများအတွက် ပုံစံထုတ်ထားတာ ဖြစ်ပြီး ဆယ်လူလာဆက်သွယ်မှု ပါမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ထုတ် မူလ Huawei Watch စမတ်နာရီထက် မျိုးဆက်သစ်ဟာ အားကစား သမားများ ၀တ်ဆင်တဲ့ နာရီ ဒီဇိုင်းနဲ့ ပိုမို ဆင်တူလာမှာ ဖြစ်ပါတယ်။ အခုတော့ Huawei Watch 2 ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Huawei Watch 2 ရဲ့ ဓါတ်ပုံများထဲမှာ SIM Card Slot ကို ထုတ်ပြထားတဲ့ ပုံလည်း ပါရှိပါတယ်။ အဲဒီအတွက် စမတ်နာရီဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်စရာ မလိုဘဲ ဖုန်းပြောခြင်း၊ အင်တာနက် အသုံးပြုခြင်းများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး အရောင် ၃ မျိုး ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပြီး Google က မကြာခင်ကမှ ဖြန့်ချီပေးထားတဲ့ Android Wear 2.0 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

စမတ်နာရီရဲ့ အခြား Specifications များကိုတော့ မသိရသေးပါဘူး။ Huawei Watch 2 ဟာ LG Watch Sport နဲ့ ပြိုင်ဖက်များဖြစ်လာနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment