ဖုန်း
ဆိုရင် အနက်ရောင် ပဲ ကြိုက်တာလား ။ အဖြူရောင်ဖုန်းတွေကိုရော
စိတ်မ၀င်စားကြဘူး လား ။ တကယ်လို့ အိုင်ဖုန်း ကို အဖြူရောင် ဗားရှင်း , Jet
White Version ဆိုရင်ရော စိတ်ဝင်စားကြမှာလား။
မိုဘိုင်းဖုန်းတွေထဲမှာ
Apple ထုတ် iPhone တွေ ဟာ ဈေးနှုန်းကျဆင်းလေ့မရှိပါဘူး။ ဒါကြောင့်
ဈေးကွက်ထဲမှာ iPhone ဈေးနှုန်းတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ အခုလို
မြင်တွေ့ရပါမယ်။
7- 32GB (All Color) – 930,000
7 – 128GB (All Color)-1,060,000
7 – 256GB (RoseGold,Silver)-1,140,000
7 – 256GB (JetBlack,Black,Gold) – 1,170,000
အခု
ပြောပြပေးမှာက iPhone 7 Jet White Version ပါ။ မူလ Specs တွေ အတိုင်း
ပါဝင်မှာ ဖြစ်ပြီး မှာကြားမှု အော်ဒါနဲ့ ထပ်မံပေါင်းသွင်းလိုတဲ့ ပြင်ပ
Accessories တွေအပေါ် မူတည်ပြီး မှာကြားတဲ့ ဈေးနှုန်း ဟာ ဆယ်သိန်း အထက်
ရှိသွားနိုင်ပါလိမ့်မယ်။ အမှန်တော့ အဲဒီ အဖြူရောင် ဟာ Apple ကုမ္ပဏီ က
ထုတ်လုပ်တာ မဟုတ်ဘဲ Amazon ကနေ တာဝန်ယူပြီး White Scarf Case ကလေး တစ်ခု
ကို ထပ်မံ ပေါင်းထည့်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီ Case ကို Totallee က
ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ စိတ်ဝင်စားလိုသူတွေ အကြိုက်တွေ့စေမယ့် Case တစ်ခု
လည်း ဖြစ်လာနိုင်ပါတယ်။ Case သက်သက် ကတော့ ၁၉ ဒေါ်လာ ကျသင့်ပါတယ်။
Credit to ==> DigitalTimes.com.mm
www.pyaephyo.com
0 comments:
Post a Comment