♪ Android Contacts များအတွက် Nickname သတ်မှတ်နည်း ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/0-9.jpg?fit=800%2C450&ssl=1

Relationship Status ဟာ Facebook လို လူမှုကွန်ရက်များအတွက်သာ မဟုတ်ပါဘူး။ သင့်ရဲ့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ စသဖြင့် Android Device မှ Contacts များအတွက် Nickname များကို သတ်မှတ်နိုင်ပါတယ်။ အဲဒီ Nickname များကို သင့် စမတ်ဖုန်းမှ Google ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို မှတ်သားခိုင်းထားနိုင်ပါတယ်။ ဥပမာအားဖြင့် သင့် ဇနီးထံ ဖုန်းခေါ်ချင်ရင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို “ Ok Google , Call my wife “ လို့ ပါးစပ်ကနေ ပြောလိုက်ရုံပါပဲ။ “ Ok Google, text my sister “ လို့ ပြောလိုက်တာနဲ့ အိုကေပါပြီ။ သတ်မှတ်နိုင်တဲ့ Nickname များကို Google က ဒီဝက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Nickname များ သတ်မှတ်ဖို့အတွက် Google App ကို ဖွင့်ပါ။ သို့မဟုတ် Google App Settings> Ok Google detection ကို On ထားရင်တော့ Google App ကို ဖွင့်စရာ မလိုဘဲ “ Ok Google “ လို့ ပြောလိုက်တာနဲ့ Google App ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဥပမာအားဖြင့် “ Thin Thin is my wife” လို့ ပြောပါ။ ( Thin Thin ဟာ သင့် Phone Contact ထဲမှာ ရှိနေရပါမယ်။ ) အဲဒီနောက်မှာ အမှန်ခြစ်ခလုတ်ကို နှိပ်ပါ။


ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က မြန်မာနာမည်ကို မမှတ်မိရင် တစ်လုံးချင်းပြောပြီး မှတ်ခိုင်းနိုင်ပါတယ်။ သူက သင့် Contact အတွက် Nickname ကို မှတ်မိပြီဆိုရင် တစ်နည်းအားဖြင့် အမှန်ခြစ်ခလုတ်လေး ပေါ်လာပြီဆိုရင်တော့ နောက်တစ်ခါ သင့်ဇနီးထံ ဖုန်းခေါ်ချင်ရင် Google App ဖွင့်ပါ။ သို့မဟုတ် “ Ok Google “ လို့ ပြောပါ။ ပြီးရင် “ Call my wife “ လို့ ပါးစပ်က ပြောပါ။ ဒါဆိုရင် သင့် ဇနီးထံ ဖုန်းခေါ်ပေးမှာဖြစ်ပါတယ်။

ဖုန်းခေါ်ဖို့သာမက Google Hangouts ကနေ Message များ ပေးပို့ဖို့အတွက်လည်း Nickname များကို အသုံးပြုနိုင်ပါတယ်။ “ Send a Hangouts message “ လို့ ပြောရမှာပါ။ ဒီနည်းအတိုင်းပဲ Gmail ကနေ အီးမေးပို့ဖို့လည်း ပြုလုပ်နိုင်ပါတယ်။

Third-Party Apps များ အားလုံးအတွက်တော့ Nickname များကို အသုံးပြုလို့ မရသေးပါဘူး။ ဒါပေမယ့် တစ်ဖြည်းဖြည်း အသုံးပြုလို့ ရလာတော့မှာ ဖြစ်ပါတယ်။

Nickname များကို ဖျက်ဖို့အတွက် ဥပမာအားဖြင့် “ Ok Google , Richard is not my boss “ လို့ ပြောရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment