♪ " Asus Zanfone 3 Max (ZC553KL) " Price - 259,000 Ks ♫

Image may contain: phone

Asus Zanfone 3 Max (ZC553KL) ဟာ Asus ကနေ 2016 နှစ်ကုန်ပိုင်း လောက်ကမှ ထုတ်လုပ်ရောင်းချခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Zenfone Max series အကုန်လုံးက ဘက်ထရီစွမ်းအားပိုင်းကို ပိုမိုအလေးပေးထားပြီး ဈေးနှုန်းနဲ့လိုက်ဖက်ညီတဲ့ သင့်တင့်မျှတတဲ့ စွမ်းဆောင်ရည်တွေကို ထောက်ပံ့ပေးထားပါတယ်။

ဒီဇိုင်းပုံစံကိုလည်း အသေးစိတ်ကအစ သေချာပြုလုပ်ပေးထားတဲ့အတွက် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးမှန်း ကြည့်လိုက်တာနဲ့ သိသာပါတယ်။ ၎င်းမှာ ZenUI 3.0 ရဲ့ feature အသစ်တစ်ခုဖြစ်တဲ့ Game Genie ပါရှိတာကြောင့် ဂိမ်းကစားရတာ ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် Mobile Manager app ကလည်း အလွန်အသုံးဝင်တဲ့ app တစ်ခုပါပဲ။ GSM, HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ Non-removable Li-Ion 4100mAh battery စွမ်းအားက 17 နာရီကြာ ဖုန်းပြောဆိုနိုင်ပြီး 72 နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။ Standby Mode နဲ့ဆိုရင် 38 ရက်လောက် ထိထားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

* Design & Build *

တည်ဆောက်ပုံဒီဇိုင်းက ခန့်ညားထည်ဝါမှုရှိပြီး ပထမဆုံးအမြင်မှာတင် မျက်စိကို ဖမ်းစားထားနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 151.4 × 76.2 × 8.3 mm ဖြစ်ပြီး အလေးချိန်က 175g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းထဲမှာတော့ မပါပါဘူး။ ကိုယ်ထည်ကို အလူမီနီယံနဲ့ ပြုလုပ်ပေးထားတဲ့အတွက် အကြမ်းခံပြီး ခလုတ်တွေအကုန်လုံးကိုလည်း ကိုင်တွယ်သုံးစွဲရတာ အဆင်ပြေတဲ့နေရာတွေမှာချည်းပဲ ထားပေးထားပါတယ်။ ဒါ့အပြင် ပါးလွှာတဲ့ bezel က ဖုန်းရဲ့အကျယ်ကို လျှော့ချပေးနိုင်တာကြောင့် လက်တစ်ဖက်တည်းနဲ့လည်း ဖုန်းကို အသုံးပြုနိုင်ပါပြီး one-handed mode လည်း ပါရှိပါသေးတယ်။


အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ၊ Noti LED နဲ့ အောက်ခြေမှာ capacitive navigation buttons တွေကို မြင်တွေ့ရမှာပါ။ ဖုန်းအောက်ခြေဘောင်မှာတော့ mono speaker နဲ့ micro USB charging port တို့ပါရှိပြီး ထိပ်ဘက်မှာ headphone socket ကို ထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာ fingerprint scanner နဲ့ ကင်မရာတို့ပါရှိပြီး ၎င်းတို့ဘေးမှာ LED flash မီးလုံးလေးကို ကပ်လျက် ထည့်ပေးထားပါတယ်။ ၎င်းဖုန်းကိုရွေးချယ်နိုင်မယ့် အရောင်တွေကတော့ မီးခိုးရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ ပန်းရောင်တို့ပဲဖြစ်ပါတယ်။

* Display *

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထားပြီး 1080×1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ လက်ချောင်း 10 ချောင်းအထိ တစ်ပြိုင်နက်တည်းထိန်းချုပ်နိုင်တဲ့ multitouch စနစ်ပါရှိပြီး Oleopho-bic coating စနစ်နဲ့ ထပ်မံဖုံးအုပ် ကာကွယ်ပေးထားပါတယ်။

* Operating System and Camera *

အထဲမှာ Android OS, v 6.0.1 (Marshmallow) ကို run ထားပြီး ASUS ZenUI 3.0 ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 16MP ရှိပြီး အရှေ့ကင်မရာက 8MP ရှိပါတယ်။ ကင်မရာ ၂ ခုလုံးက ကြည်လင်ပြတ်သား တဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုပေးစွမ်းနိုင်တဲ့အပြင် three-axis electronic image stabilizer (EIS) က ဗီဒီယိုတွေကို ကောင်းမွန်စွာရိုက်ကူးနိုင်ပါတယ်။

* Performance *

လျင်မြန်တိကျတဲ့ စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံးမှာ processor က အလွန်အရေးကြီးပါတယ်။ ဒီဖုန်းထဲမှာတော့ သူ့ဈေးနှုန်းနဲ့သူ Qualcomm MSM8937 Snapdragon 430 chipset နဲ့ Octa-core 1.4 GHz Cortex-A53 processor တွေကို ထည့်သွင်းပေးထားပြီး Adreno 505 GPU ကို ထောက်ပံ့ပေးထားပါတယ်။ RAM ကတော့ 2GB, 3GB နဲ့ 4GB ဆိုပြီး version ၃ မျိုး ခွဲခြားထုတ်လုပ်ပေးထားပါတယ်။ ဒါကြောင့် ဂိမ်းကြီးတွေနဲ့ apps တွေတော်တော်များများကို အကောင်းဆုံး run ပေးနိုင်ပြီး ကင်မရာကို ဘယ်လောက်သုံးသုံး၊ ဂိမ်းတွေကို ဘယ်လောက်ကစားကစား စက်အပူလွန်ကဲခြင်းနဲ့ စက်ဟမ်းခြင်းတွေကို မဖြစ်နိုင်ပါဘူး။ ထောက်ပံ့ပေးထားတဲ့ fingerprint scanner ကလည်း ဖုန်းကို လျင်မြန်စွာ unlock လုပ်ပေးနိုင်တဲ့အပြင် ကင်မရာဖွင့်တာတွေနဲ့ ဖုန်းဖြေကြားတာတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

Specification
Display : 5.5 inch, IPS LCD Capacitive touchscreen, 16M colors
Memory : 32 GB, 2/3/4 GB RAM, microSD, up to 256 GB
Camera : 16 MP, phase detection & laser autofocus, touch focus
OS : Android OS, v6.0.1 (Marshmallow)

Phone - 09-33880333 (Asus)

Price - 259,000 Ks



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment