♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: phone

မေး - အစ်ကိုရေ ကျွန်တော်ကတော့ ဖုန်းနဲ့ပတ်သက်ပြီး နည်းနည်းသိချင်တာလေးရှိလို့ပါ။ iPhone တွေမှာ LLA တို့၊ ZPA တို့ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘယ်အမျိုးအစားက ကောင်းလဲ။ ဘယ်ဟာက အလယ်အလတ်၊ ဘယ်ဟာက အသင့်အတင့်လဲဆိုတာ ရှင်းပြပေးပါ။
ဖြေ - ဟုတ်ကဲ့။ LLA တို့ ZPA တို့ဆိုတာ ဖုန်းထုတ်တဲ့နိုင်ငံတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတွေပါ။ LL ဆိုတာ USA ကို ကိုယ်စားပြုပြီး TH ဆိုတာ Thailand နိုင်ငံကို ကိုယ်စားပြုပါတယ်။ များသောအားဖြင့် မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ဖုန်းတွေက J (Japan) ဖုန်းတွေ အများဆုံး တွေ့ရပါတယ်။ မည်သည့်ဖုန်းအမျိုးအစားမဆို အတူတူပဲမို့ ကွာခြားမှု သိပ်မရှိပါဘူး။

မေး - Factory Reset မကြာမကြာချပေးတာဟာ ဖုန်းကို ဘာများထိခိုက်နိုင်ပါသလဲ။ ကျေးဇူးပြု၍ အလင်းပြပေးပါဦး။
ဖြေ - Factory Reset ချခြင်းဟာ ဖုန်းကို အတန်ငယ် ပေါ့ပါးသွက်လက်စေပါတယ်။ မကြာမကြာချပေးလို့တော့ မရပါဘူး။ ဘာလို့လဲဆိုတော့ User Data တွေဟာ EMMC မှာ ထိန်းသိမ်းထားတာဖြစ်လို့ပါ။ Factory Reset ချတာ EMMC ကို Format ချသလိုဖြစ်တာကြောင့် ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲ မလုပ်ဖို့ အကြံပေးပါတယ်။

မေး - ကျွန်တော့်ရဲ့ဖုန်း HTC Desire 210 လေး Touch Screen လဲချင်တာ။ အဲ့ဒီလိုလဲလိုက်ရင် ဘာဆိုးကျိုးတွေရနိုင်ပါသလဲ။ တချို့ကတော့ပြောတယ်။ ပြန်လဲလိုက်ရင် အကြာကြီးသုံးလို့မရဘူးလို့ပြောတယ်။ ဟုတ်ပါသလားဗျာ။ မှန်ကွဲလျက်နဲ့အသုံးပြုတာ လေးလလောက်ကြာတော့ Back, Home Key က မရတော့ဘူး။ Menu Key ပဲရတယ်။ စာရေးရင်လည်း ဟိုရောက်ဒီရောက်ဖြစ်နေလို့ မှန်လဲပြီးသုံးချင်တာ အဆင်ပြေနိုင်ပါ့မလားဗျာ။ ပြောပြပေးပါဦးဗျာ။
ဖြေ - HTC Desire 210 မှာ Touch လဲရင် အစ်ကိုဖြစ်နေတဲ့ Error ပျောက်ပါတယ်ဗျာ။ မခံဘူးဆိုတာကတော့ ထုတ်တဲ့ပစ္စည်း အရည်အသွေးပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တွေ့ဖူးတာတော့ ၁ နှစ် ကျော်အထိ သုံးလို့ရတယ်လို့ ကြားပါတယ်ဗျာ။

မေး - ကျွန်တော့်ရဲ့ဖုန်း HTC Desire 526G Dual Sim ပါဗျာ။ 2015 10 လပိုင်းက ၀ယ်တာ။ 2016 10 လပိုင်းလောက်အချိန်ထိမှာ Battery ကို နံနက်ပိုင်း 7:00 လောက်က 100% အားအပြည့်နဲ့ အသုံးမပြုပဲ ထားတယ်။ 11:30 AM အချိန်လောက်မှာ 2% လောက်ပဲလျော့တယ်။ အခုလက်ရှိ 2017 1 လပိုင်းထဲမှာ Battery က အထက်ပါအတိုင်း မဖြစ်တော့ဘူးဗျာ။ 100% ကိုမသုံးပဲ 3:00 ၀န်းကျင်လောက်ထားပြီး အားပြန်ကြည့်လိုက်ရင် 20% လောက် လျော့သွားတယ်ဗျာ။
ဖြေ - အားပြန်ကြည့်ရင် 20% လောက်လျော့တာက Battery ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစ်ကိုရေ Battery ရဲ့ဆဲလ်တွေ အပြည့်အ၀ မရှင်သန်တော့တာပါ။ တစ်ချို့ဖုန်းတွေမှာ ဖုန်းထဲမှာပါဝင်တဲ့ ပစ္စည်းအရည်အသွေးတွေ ကျဆင်းလာပြီး အားပိုစားတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်ဗျာ။

မေး - Computer Virus စစ်တာ မရဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ ကျေးဇူးပြုပြီး ပြောပြပေးပါ။
ဖြေ - ကွန်ပျူတာမှာ Window + R တွဲနှိပ်ပါ။ Run Box ပေါ်လာရင် Cam လို့ရိုက်ပြီး Enter ခေါက်ပါ။ ပေါ်လာတဲ့အကွက်ထဲမှာ 4cd\ လို့ ထပ်ရေးပြီး Enter ခေါက်ပါ။ ပြီးရင် Setup ဆိုပြီး ထပ်ရေးပါ။ Enter ခေါက်ပါ။ It not regonized as internet and external commaad operable program or 6 is not regonized as on internet and ext. ဆိုတဲ့ စာသားပေါ်နေရင် Virus ရှိနေပါပြီ။ ဒါမှမဟုတ် Please go to the install ဆိုတဲ့ စာသားပေါ်နေရင်တော့ ကွန်ပျူတာမှာ Virus မရှိပါ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားသွင်းရင်းသုံးရင် ရတယ်။ အားသွင်းကြိုးဖြုတ်လိုက်ရင် Power သေသွားတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Battery မကောင်းလို့ဖြစ်တာပါ။ Phone Battery အသစ်လဲလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းက G610 ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။
ဖြေ - G610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover လဲလိုက်ရင်တော့ ရတတ်တာမျိုး ရှိပါတယ်။ Network ငုတ်လေးတွေ ကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment