♪ " Huawei မှ Honor V9 အား တရားဝင်ထုတ်လုပ် " ♫

No automatic alt text available.

Huawei Mate 9 ၏ screen ကို resolution နိမ့်သည်ဟု ထင်သူများ ကြီးလွန်းသည်ဟု ထင်သူများ အတွက် Huawei သည် Honor V9 ကို ထုတ်လုပ်ပေးခဲ့ပြီဖြစ်သည်။ တရုတ်တွင် ကြေညာခဲ့ခြင်းဖြစ်ကာ 5.7” QHD LTPS LCD touchscreen ပါဝင်ပြီး dual 12 MP ကင်မရာ f/2.2 ပါဝင်ပြီး sensor တစ်ခုမှာ monochrome ဖြစ်ပြီး autofocus မှာ laser autofocus ဖြစ်၍ 4K ဗီဒီယိုကို ရိုက်ကူးပေးနိုင်ခဲ့သည်။

Selfie အတွက်မူ ရှေ့ဘက်တွင် 8 MP f/2.0 ကင်မရာပါဝင်ပြီး Huawei မှထုတ်လုပ်သည့် HiSilicon Kirin 960 chipset ကိုသုံးစွဲထားခဲ့သည်။ RAM 6 GB ထိ ပါဝင်ထောက်ပံ့ပေးထားပြီး storage ကို 64 GB (သို့) 128 GB ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Micro SD ကတ်လည်း ထပ်မံထည့်သွင်းနိုင်သော်လည်း hybrid ပုံစံဖြစ်သဖြင့် SIM ကတ်နှစ်ကတ်သုံးစွဲပါက micro SD ကို သုံးစွဲနိုင်မည်မဟုတ်ပေ။ ကြီးမားသော 4000 mAh ဘက်ထရီပါဝင်ပြီး Android 7.0 Nougat ကို Huawei ၏ EMUI 5-0 ဖြင့် အားဖြည့်ပေးထားသည်။

157 x 77.5 x 6.97 mm အရွယ်အစားရှိပြီး 184 g လေးသည်။ 64 GB version အား တရုတ်တွင် CNY 2999 (ဒေါ်လာ 435) ၀န်းကျင် ရောင်းချနေပြီး အပြာရောင်နှင့် ရွှေရောင်တို့ ရရှိနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပဈေးကွက်များ တွင် Honor V9 အား Honor 8 Pro ဟုခေါ်တွင်မည်ဟု သိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment