♪ Sony ရဲ့ Xperia ဖုန်းအသစ်တွေ မှာ ကင်မရာ feature အသစ်ပါဝင်လာမည် ♫


Sony က အသစ်ထပ်မံထုတ်လုပ်မယ့် Xperia စမတ်ဖုန်းတွေမှာ ကင်မရာ feature အသစ်ပါဝင်လာ မယ်လို့ ပြောကြားထားပါတယ်။

သတင်းပေါက်ကြားချက်တွေအရ ဒီ feature ကို “Motion Eye” လို့ခေါ်ဆိုမှာဖြစ်ပြီး Sony ရဲ့ နောက်ဆုံးပေါ် ကင်မရာ sensor အားသာချက်တွေ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ Motion Eye feature က လုပ်ရှားမှုတွေကို အကောင်းဆုံး အာရုံခံမှာဖြစ်တဲ့အတွက် ဖုန်းရဲ့ shutter button ကို မနှိပ်ခင်မှာတင် snapshot (၄) ပုံကိုရိုက်ကူးပေးထားမှာဖြစ်ပြီး ရိုက်ကူးထားတဲ့ပုံတွေကို moving image တွေအဖြစ် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ဒီ feature ဟာ (၂၀၁၅) ခုနှစ်ကထွက်ရှိခဲ့တဲ့ iPhone 6s မှာပါဝင်ခဲ့ပြီး Live Photos feature လို့လူသိများတဲ့အပြင် Samsung ရဲ့ Galaxy S7 series phone တွေမှာတော့ Motion Photo လို့ ခေါ်ဆိုတဲ့ Feature တစ်ခုဖြစ်ပါတယ်။

ကမ္ဘာမှာ ကင်မရာနဲ့ နာမည်ကြီးတဲ့ Sony က ဒီ feature ကို ၄င်းရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းဖို့ အခုမှ စီစဉ်တယ်ဆိုတာကတော့ စဉ်းစားစရာအချက်တစ်ခုဖြစ်ပါတယ်။

Xperia XZ နဲ့ Xperia Z5 Premium တို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်လာမယ့် Xperia XZs နဲ့ Xperia XZ Premium တို့မှာ ဒီ Feature ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။


Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment