♪ ဆိုနီ က ကမ္ဘာ့အမြန်ဆုံး SDCard ကို ဈေးကွက်မှာ ချပြ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/sony-world-fastest-sd-card.jpg?fit=800%2C500&ssl=1


ဓါတ်ပုံဆရာတွေ နဲ့ 4K အရည်အသွေးရှိ  ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ကူးလိုသူတွေအပြင် အချက်အလက် Data တွေ အများကြီးကို ကိုယ့်မိုဘိုင်းဖုန်း၊ တက်ဘလက်တွေနဲ့ လက်ကိုင် Devices တွေမှာ သိမ်းဆည်းထားချင်သူတွေ အတွက် ရည်ရွယ်ပြီး ဆိုနီက ကမ္ဘာ့အမြန်ဆုံး နဲ့ နောက်ဆုံးပေါ် SD Cards တွေကို ထုတ်လုပ်ပြီး ဈေးကွက်ချပြလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ SF-G စီးရီး SDcards တွေဟာ ကမ္ဘာမှာ အမြန်ဆုံး SDCard တွေ ဖြစ်လာမယ် လို့ ကုမ္ပဏီက ဆိုပါတယ်။ 32GB, 64GB, 128GB အမျိုးအစား ၃ မျိုး ထုတ်လုပ်ထားပြီး တစ်ကမ္ဘာလုံးရဲ့ ဈေးကွက်ထဲကို မတ်လ မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။ ကဒ်တိုင်း ရဲ့ အချက်အလက် ကူးပြောင်းမှု အမြန်နှုန်း ဟာ တစ်စက္ကန့်ကို 300MB ရှိပြီး မှတ်သားမှု အမြန်နှုန်း ကတော့ တစ်စက္ကန့်ကို 299MB ရှိပါတယ်။

4K အရည်အသွေး ရုပ်ထွက် ရှိတဲ့ ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေဟာ အရည်အသွေး မြင့်မားလှသလို အချက်အလက် ကူးပြောင်းမှု၊ နေရာယူမှုတွေ က လေးလံလှတဲ့အတွက် ဆိုနီ က အခုလို SDCards တွေကို သာ သုံးစွဲမယ် ဆိုရင် ပိုပြီး အဆင်ပြေစေမယ် လို့ ဆိုပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ SDCard တွေကို USB 3.1Gen 1 Card Reader တွေနဲ့ တွဲဖက်အလုပ်လုပ်ရင် ပိုပြီး ထိရောက်မယ်လို့ ဆိုပါတယ်။



Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment