♪ “HTC ရဲ့ တန်ဖိုးနည်းစမတ်ဖုန်း One X10 လာမည်” ♫

Image may contain: phone

HTC က တန်ဖိုးနည်းစမတ်ဖုန်းအသစ်တစ်လုံးကိုမကြာခင်မှာမိတ်ဆက်မှာ -ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းရဲ့ သတင်းအချက်အလက်များအွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ စမတ်ဖုန်းကို One X10 လို့ အမည် ပေးထားပြီးယခင်ထုတ်လုပ်ရောင်းချခဲ့ဖူးတဲ့ One X9 လိုပဲ One X10 မှာ ၅.၅ လက်မမျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

HTC X10 ရဲ့ သတင်းအချက်အလက်များဟာတရုတ် လူမှုကွန်ရက် Weibo ကနေပေါက်ကြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာတော့ One X10 ဟာ One X9 နဲ့ ကွဲပြားပါတယ်။ One X10 မှာအလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီးအနောက်ဘက်မှာလက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပါတယ်။ One X9 မှာတော့ လက်ဗွေရာအာရုံခံကိရိယာမပါပါဘူး။ One X10 ရဲ့ မျက်နှာပြင်အောက်မှာ Capacitive Navigation Button များထည့်သွင်းထား ပါတယ်။

HTC က X10 ကို တရားဝင် ကြေညာခြင်းမရှိသေးပါဘူး။ ယခုလနှောင်းပိုင်း မှာ ကျင်းပမယ့် Mobile World Congress မှာမိတ်ဆက်မယ်လို့ မျှော်လင့် ရပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment