♪ " Meizu M5s အား တရားဝင်ကြေညာခဲ့ " ♫

Image may contain: phone

မူလစီစဉ်ထားသည့်အတိုင်းပင် Meizu သည် M5s အား တရားဝင် ကြေညာသွားခဲ့ကြောင်း သိရသည်။ Meizu M5s သည် octa-core Cortex A53 processor အား သုံးစွဲထားပြီး 1.3 GHz မြန်နှုန်းရှိသည့် MediaTek MT 6753 chipset ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါဖုန်းတွင် 5.2” ရှိ 720 p IPS display ပါဝင်သည်။ RAM 3 GB ဖြင့် ထောက်ပံ့ပေးထားပြီး ဖုန်းအတွင်းပိုင်း မှတ်ဥာဏ်ပမာဏမှာ 16 GB နှင့် 32 GB နှစ်မျိုးရွေးနိုင်မည်ဖြစ်ပြီး လိုအပ်ပါက micro SD ဖြင့် 128 GB ထပ်မံတိုးမြှင့်ခွင့်ရမည်ဖြစ်သည်။ Meizu M5s တွင် အဓိကကင်မရာမှာ 13 MP ဖြစ်ပြီး Phase Detection autofocus ကို သုံးထားကာ ရှေ့ဘက်တွင် 5 MP selfie ကင်မရာပါဝင်ကြောင်းတွေ့ရသည်။ ဖုန်းအတွက် 3000 mAh ဘက်ထရီသုံးစွဲပေးထားမှ 0 မှ 19% သို့ 10 မိနစ်အတွင်း အားသွင်းယူနိုင်သည်ဟု ကုမ္ပဏီမှ ဆိုထားသည်။ 

သတ္ထုကိုယ်ထည်ဖြစ်ကာ mTouch fingerprint scanner ကိုလည်း ထည့်သွင်းပေးထားပြီး dual-SIM ကတ်သုံးစွဲနိုင်ရုံသာမက VOLTE ကိုလည်း ထောက်ပံ့မှုပေးထားကြောင်း သိရသည်။ M5s အတွက် အနက်၊ ရွှေ၊ ငွေရောင်နှင့် rose gold တို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ 16 GB အတွက် 115 ဒေါ်လာဝန်းကျင်ဈေးရှိပြီး 32 GB အတွက် 145 ဒေါ်လာဈေးရှိကြောင်း သိရှိရသည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment