♪ Android ဖုန်းတွေနဲ့ Wearable တွေကို MWC မှာ မိတ်ဆက်မယ့် Acer ♫


Acer ဆိုတာ Mobile နဲ့ PC နည်းပညာလောကမှာ အောင်မြင်နေတဲ့ Brand တစ်ခုပါပဲ။ (၂၀၁၇) ရဲ့ ပထမဦးဆုံး ပွဲတစ်ပွဲဖြစ်တဲ့ CES 2017 မှာ Acer ရဲ့ စွမ်းဆောင်ရည်မြင့် Predator gaming laptop ဟာ ပရိသတ်တွေကို အံအားသင့်စေခဲ့ပါတယ်။

Laptop ဈေးကွက်မှာ အောင်မြင်နေတဲ့ ထိုင်ဝမ် အခြေစိုက် Acer ဟာ မတူညီတဲ့ Platform တွေကို ထပ်မံ ချဲ့ထွင်ဖို့ပြင်ဆင်နေပြီး လာမယ့် (၂၆) ရက်နေ့မှာ ကျင်းပမယ့် MWC 2017 မှာ Android စမတ်ဖုန်း တွေအပြင် Wearable device တွေကိုပါ မိတ်ဆက်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
Acer ရဲ့ EMEA President ဖြစ်သူ Emmanuel Fromon ကို MWC 2017 နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ …

“ ကျွန်တော်တို့မှာ ထုတ်ကုန်အသစ်တွေ ရှိပါတယ်။ တစ်ခုကတော့ wearable ပါ။ စမတ်ဖုန်း အသစ်တွေလည်း Launch ပြုလုပ်မှာဖြစ်ပြီး Android ဈေးကွက် မှာ နေရာတစ်ခုအရယူမှာပါ”

၎င်းရဲ့ပြောကြားချက်မှာ wearable တစ်ခုပါဝင်တယ်လို့ ဆိုထားတဲ့အတွက် Android 2.0 အသုံးပြုထားတဲ့ စမတ်နာရီ ဖြစ်နိုင်ပေမယ့် wearable လို့သာ သုံးထားတဲ့အတွက် ဘာဆိုတာ တိတိကျကျသိရဖို့ စောင့်ဆိုင်းလိုက်တာက ပိုကောင်းပါတယ်။

CES 2017 ပွဲမှာ gaming laptop တွေနဲ့ စွမ်းဆောင်ရည်မြင့် mobile computing machine တွေကို အမြောက်အများပွဲထုတ်ပြသသွားတဲ့အတွက် အခုကျင်းပမယ့် MWC 2017 မှာတော့ ဒီ ပစ္စည်းတွေကို ပြသနိုင်ချေမရှိတော့ဘူးလို့ သိရပါတယ်။


Credit to ==> DigitalTimes.com.mm




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment