♪ " Samsung Galaxy A8 (2016) VS Samsung Galaxy On7 (2016) " ♫

Image may contain: phone

ဒီတစ်ပတ်မှာ Samsung က ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလလောက်က မရှေးမနှောင်းဆီထွက်ရှိထားတဲ့ အဆင့်မြင့်စမတ်ဖုန်း ၂ လုံးဖြစ်တဲ့ Samsung Galaxy A8 (2016) နဲ့ Samsung Galaxy On7 (2016) တို့ကို နှိုင်းယှဉ်ကြည့်သွားမှာဖြစ်ပါတယ်။ ၄င်းဖုန်း ၂ လုံးက Specs တွေ တော်တော်များများ တူညီပေမယ့် အနည်းငယ်ကွဲပြားနေတာတွေလည်း ရှိပါတယ်။

အရွယ်အစား၊ အလေးချိန်၊ မျက်နှာပြင် အမျိုးအစား၊ အကျယ်၊ Processor နဲ့ ပင်မကင်မရာတွေမှာ ကွာခြားပြီး Galaxy A8 (2016) က အနည်းငယ် ပိုမိုကောင်းမွန်ပါတယ်။ ဖုန်း ၂ ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM စနစ်တွေလည်း ပါရှိပါတယ်။ Galaxy A8 ရဲ့ အနောက်ကင်မရာက 16MP ပါရှိပြီး Galaxy On7 အရှေ့ကင်မရာကတော့ 13MP သာရှိပါတယ်။ ဖုန်း ၂ ခုစလုံးမှာ 8MP ရှိတဲ့ အရှေ့ကင်မရာတွေပါရှိပြီး ဖုန်း ၂ ခုလုံးရဲ့ ကင်မရာ ၂ လုံးလုံးက f/1.9 aperture စွမ်းအားတွေကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ဘက်ထရီစွမ်းအားချင်းလည်း အတူတူပါပဲ။

* Design *

1. Samsung Galaxy A8 (2016)
Samsung Galaxy A8 (2016) ရဲ့ အရွယ်အစားက 156.6 x 76.8 x 7.2mm ရှိပြီး အလေးချိန်က 182g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး အလေးချိန်ကတော့ အနည်းငယ်လေးပါတယ်။

2. Samsung Galaxy On7 (2016)
Samsung Galaxy On7 (2016) ရဲ့ အရွယ်အစားကတော့ 151.7 x 75 x 8 mm ရှိပြီး 167g သာလေးပါတယ်။ ဒါကြောင့် A8 (2016) နဲ့ ယှဉ်ရင် အနည်းငယ်ပိုထူပြီး အလေးချိန်ကတော့ ပိုမိုပေါ့ပါးမှုရှိတာကို တွေ့ရပါတယ်။

* Processor *

1. Samsung Galaxy A8 (2016)
A8 (2016) ထဲမှာ RAM 3GB ပါရှိတဲ့ Exynos 7420 Octa-core (4x 2.1GHz Cortex-A57 & 4x1.5GHz Cortex-A53) processor နဲ့ Mali-T760MP8 GPU တို့က ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ကာ လျင်မြန်တိကျတဲ့ ဖုန်းစွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ပါတယ်။

2. Samsung Galaxy On7 (2016)
On7 (2016) မှာတော့ Qualcomm MSM8953 Snapdragon 625 Octa-core 2.0GHz Cortex-A53 processor ကို ထည့်သွင်းပေးထားပြီး RAM 3GB တောင် ပါရှိပါတယ်။ သူ့ထဲမှာ သုံးစွဲထားတဲ့ GPU ကတော့ Adreno 506 ဖြစ်ပါတယ်။

* Display *

1. Samsung Galaxy A8 (2016)
မျက်နှာပြင်အကျယ် 5.7-inch ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~386 ppi pixels ပမာဏ ရှိပါတယ်။

2. Samsung Galaxy On7 (2016)
On7 (2016) က မျက်နှာပြင်အကျယ် ၅ လက်မခွဲရှိပြီး TFT full HD Display ကို သုံးထားပါတယ်။ မျက်နှာပြင်က A8 နဲ့တူညီတဲ့ full HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပြီး ဖုန်း ၂ ခုလုံးမှာ multitouch စနစ် ကို သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Samsung Galaxy A8 (2016)
Samsung Galaxy A8 (2016) ဟာ လှပကျစ်လျစ်တဲ့ ကိုယ်ထည်လေးနဲ့ သုံးစွဲလို့ကောင်းတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းစွမ်းဆောင်ရည်ပိုင်းမှာလည်း အထူးကောင်းမွန်ပြီး ရရှိနိုင်တဲ့ အရောင်တွေက ရွှေရောင်၊ ငွေရောင်၊ ပန်းရောင်နဲ့ အပြာရောင်တို့ပဲ ဖြစ်ပါတယ်။

2. Samsung Galaxy On7 (2016)
Samsung Galaxy On7 (2016) ကတော့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ အသုံးပြုနိုင်စွမ်းတွေကို ရရှိနိုင်မယ့် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပါပဲ။ ၄င်းရဲ့ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းအနေအထားကြောင့် ဈေးကွက်ထဲမှာ လူကြိုက်များစေခဲ့ပြီး Black, Gold နဲ့ Rose Gold ဆိုတဲ့ အရောင် ၃ မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment