♪ " စွမ်းဆောင်ရည်ပိုင်း ပိုမိုမြန်ဆန်ကောင်းမွန်သည့် F1s 2017 Version ဖုန်းသစ်ကို OPPO က မိတ်ဆက်ရောင်းချပေးသွားမည် " ♫

Image may contain: 1 person, phone and text

OPPO အနေဖြင့် မြန်မာပြည်မိုဘိုင်းဈေးကွက်သို့ ထူးခြားကောင်းမွန်သည့် ထုတ်ကုန်သစ်တစ်ခုကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး အဆိုပါထုတ်ကုန်သစ် မှာ လက်ရှိတွင် လူကြိုက်များထင်ရှားလှသည့် F1s Selfie ဘုရင်ဖုန်းကို အဆင့်မြှင့်တင်ပေးမည့်အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စမတ်ဖုန်းသစ်ကို F1s 2017 Version အမည်ဖြင့် မိတ်ဆက်ပေးလာမည် ဖြစ်ပြီး ဖုန်း၏စွမ်းဆောင်မှုအပိုင်းများမှာ လက်ရှိ F1s ထက် ပိုမိုမြန်ဆန်မှု ရှိစေမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိထွက်ပေါ်ထားသော သတင်းများအရ F1s 2017 Version ဖုန်းတွင် RAM 4GB နှင့် ဖုန်းတွင်းသိုလှောင်မှု ROM 64GB အထိ တိုးမြှင့်ပါဝင်လာမှာဖြစ်ပြီး ယခင်အတိုင်း 2.5D ကွေးညွတ် မျက်နှာပြင်နှင့် Corning Gorilla Glass 4 တို့ ဖုံးအုပ်ပေးထားသည့် 5.5 လက်မ အရွယ်အစားရှိမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားမည့် F1s 2017 Version ဖုန်းမှာ 4G ကွန်ရက်စနစ်ကို အပြည့်အ၀ ထောက်ပံ့ပေး ထားမည်ဖြစ်သလို SIM ကတ် 2 ခုကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်းအသုံးပြုနိုင်သည့်အပြင် သီးသန့် SD ကတ် စိုက်၍ အသုံးပြုနိုင်စေမည့် တတိယမြောက် slot ပေါက်ကိုပါ ထောက်ပံ့ ပေးထားမည်ဖြစ်သည်။

 နောက်ဆက်တွဲသတင်းများအရ OPPO အနေဖြင့် ယခု F1s 2017 Version ဖုန်းကို ယခုဖေဖော်ဝါရီလမကုန်ခင်အချိန်မှာပင် ဈေးကွက်ထဲသို့ ပို့ဆောင်ပေးသွားရန်ရည်ရွယ်ထားပြီး အသေးစိတ် အချက်အလက်နှင့် ဈေးနှုန်းများကိုလည်း တစ်ပါတည်းကြေညာပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် F1s စမတ်ဖုန်းကို ဈေးကွက်ထဲတွင် 299,000 ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး စွမ်းဆောင်ရည်မြင့်မားသည့် Octa-core 1.5 မြန်နှုန်းရှိ CPU ၊ RAM 3GB ၊ Internal storage 32GB တို့ကို အသုံးပြုပေးထားပြီး ကင်မရာပိုင်းတွင် အထူးကောင်းမွန်သော 13MP နောက်ကင်မရာနှင့် 16MP ရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment