♪ “Xiaomi က Bluetooth Remote ပါတဲ့ Selfie Stick ကိုမိတ်ဆက်” ♫

Image may contain: 1 person

Xiaomi ကတတိယမြောက် Selfie Stick တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ Stick အသစ်မှာ Bluetooth Remote Control အသစ်ပါလာတဲ့အတွက် ပိုမိုတည်ငြိမ်တဲ့ ဓါတ်ပုံများကိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Bluetooth Remote Control ကို Stick မှာတပ်ဆင်ထားနိုင်ပြီးဓါတ်ပုံရိုက်ကူးတဲ့ အချိန်မှ ဖြုတ်၍ အသုံးပြုနိုင်ပါတယ်။

Xiaomi Selfie Stick အသစ်ရဲ့ ကိုယ်ထည်ကိုအလူမီနီယမ်ဖြင့် တည်ဆောက် ထားတဲ့အတွက် ပေါ့ပါးပြီးမာကျောပါတယ်။ ခေါက်ချိုး၍ သွားလေရာ ယူဆောင် အသုံးပြုနိုင်ပါတယ်။ အလေးချိန်မှာလည်း ၁၅၅ ဂရမ်သာရှိပါတယ်။ အရွယ်သေးစမတ်ဖုန်းများကနေ Phablet အရွယ် စမတ်ဖုန်းများအထိ stick မှာတပ်ဆင် အသုံးပြုနိုင်ပါတယ်။ Bluetooth Remote Control ဟာ Bluetooth 3.0 ဆက်သွယ်မှုကိုအသုံးပြုထားပါတယ်။

စမတ်ဖုန်းကို stick မှာတပ်ဆင်၍ ၃၆၀ ဒီဂရီလှည့်ပတ်နိုင်တဲ့အတွက် ရှုထောင့်မျိုးစုံကနေ Selfie Photo များရိုက်ကူးနိုင်ပါတယ်။ Stick ကို Tripod လိုလည်းအသုံးပြုနိုင်ပါတယ်။ Bluetooth Remote Control ပါလာတဲ့အတွက် ယခင်မော်ဒယ်များထက် ဈေးနှုန်းမှာ ၂ ဆလောက် များပြားလာပါတယ်။ မော်ဒယ် အသစ်ရဲ့ ဈေးနှုန်းမှာ ၁၃ ဒေါ်လာလောက် ရှိတဲ့အတွက် မြန်မာငွေ ၁၅,၀၀၀ ကျပ် ၀န်းကျင် တန်ကြေး ရှိပါတယ်။ Android အပြင် iOS Phone များနဲ့လည်းတွဲဖက် အသုံးပြုနိုင်ပါတယ်။ 





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment